Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 3:8

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​တော်​ထွက်၍၊ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှစ်​နှစ်​ပတ်​လုံး ထို​ရှင်​ဘု​ရင်​ထံ၌​ကျွန်​ခံ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​ကျွန်​သည်​လည်း၊ မိ​မိ​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို စီ​ရင်​သော​သူ​ဖြစ်၍၊ သ​ခင်၏​ကု​လား​အုတ်​စု​ထဲ​က၊ ကု​လား​အုတ်​ဆယ်​စီး​ကို​ယူ၍​ထ​သွား​သ​ဖြင့်၊ မေ​သော​ပေါ​တာ​မိ​တိုင်း၊ နာ​ခေါ်​မြို့​သို့ ရောက်​လေ၏။

သူ​တို့​ကို တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​တော်​မူ​သ​ဖြင့်၊ မုန်း​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ၏။

ငယ်​သော​အ​ရွယ်​မှ​စ၍၊ ကြိမ်​ဖန်​များ​စွာ ငါ့​ကို သူ​တစ်​ပါး​တို့​သည် ညှဉ်း​ဆဲ​ကြ​ပြီ​ဟူ​သော စ​ကား​နှင့်​ချီ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ဆို​ရ​သော စ​ကား​ဟူ​မူ​ကား၊

ကိုယ်​တော်၏​လူ​များ​ကို အ​ဖိုး​မ​ခံ​ဘဲ​ရောင်း၍၊ ရောင်း​သော​အား​ဖြင့် စီး​ပွား​တော်​ကို တိုး​ပွား​စေ​တော်​မူ​သည် မ​ဟုတ်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်၍ အ​ကျွန်ုပ်​ကို​အ​ပြစ်​တင်​တော်​မ​မူ​ပါ​နှင့်။ ပြင်း​စွာ​အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ​ပါ​နှင့်။

စိတ်​တော်​ရှင်း​ရှင်း​ပြေ၍၊ အ​မျက်​တော်​အ​ရှိန်​ကို လျော့​စေ​တော်​မူ​ပြီ။

ငါ​အ​မျက်​ပြင်း​စွာ​ထွက်​လျက် သင်​တို့​ကို ဓား​ဘေး​ဖြင့်​ကွပ်​မျက်​မည်။ သင်​တို့​မ​ယား​များ​သည်​လည်း မု​ဆိုး​မ​ဖြစ်၍၊ သား​သ​မီး​များ​သည်​လည်း မိ​ဘ​မ​ရှိ​သော သူ​ငယ်​ဖြစ်​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​လွှတ်​လိုက်​သော သင်​တို့​အ​မိ၏ ဖြတ်​စာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ ငါ၌​ကြွေး​ရှိ၍ အ​ဘယ်​မည်​သော ကြွေး​ရှင်​ထံ၌ သင်​တို့​ကို ငါ​ရောင်း​သ​နည်း။ သင်​တို့​သည် ကိုယ်​ပြု​သော ဒု​စ​ရိုက်​အ​တွက် ကျွန်​ခံ​ရ​ကြ၏။ သင်​တို့​အ​ပြစ်​ကြောင့်၊ သင်​တို့​အ​မိ​ကို ငါ​လွှတ်​လိုက်၏။

သင်​တို့​ကို ငါ​မျက်​နှာ​ထား၍၊ ရန်​သူ​ရှေ့​မှာ​ဆုံး​စေ​မည်။ သင်​တို့​သည် ရန်​သူ၏ အုပ်​စိုး​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း၊ ပြေး​ကြ​လိမ့်​မည်။

ကု​ရှန်​ပြည်၌ တဲ​တို့​သည် ဆင်း​ရဲ​ခံ​ခြင်း၊ မိ​ဒျန်​ပြည်၌ ကု​လား​ကာ​တို့​သည် လှုပ်​ရှား​ခြင်း​ကို ငါ​မြင်၏။

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ပ​က​တိ​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့​သိ​ကြ၏။ ငါ​မူ​ကား ဇာ​တိ​ပ​က​တိ​ရှိ၏။ အ​ပြစ်​တ​ရား​လက်၌ ကျေး​ကျွန်​ဖြစ်၏။

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ လု​ယူ​သော သူ​တို့​လက်​သို့​အပ်၍၊ ပတ်​ဝန်း​ကျင်​သော ရန်​သူ​တို့၌ ရောင်း​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ရှေ့​မှာ သူ​တို့​သည် တစ်​ဖန်​မ​ရပ်​နိုင်​ကြ။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ ဤ​လူ​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်။ သူ​တို့​ဘိုး​ဘေး​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​ကြောင့်၊

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။

ဒေ​ဗော​ရ​က၊ ငါ​သည် သင်​နှင့်​အ​တူ အ​မှန်​သွား​မည်။ သို့​သော်​လည်း သင်​သွား​ရာ​လမ်း၌ ဂုဏ်​အ​သ​ရေ​ကို မ​ရ​ရာ။ ထာ​ဝ​ရ​ဘု​ရား​သည် သိ​သ​ရ​ကို မိန်း​မ၌ ရောင်း​တော်​မူ​မည်​ဟု​ဆို​ပြီး​မှ ထ၍ ဗာ​ရက်​နှင့်​အ​တူ ကေ​ဒေ​ရှ​မြို့​သို့ သွား​လေ၏။

သူ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သော​အ​ခါ၊ ဟာ​ဇော်​ဗိုလ်​ချုပ်​မင်း သိ​သ​ရ​လက်​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့ လက်​သို့​လည်း​ကောင်း၊ မော​ဘ​ရှင်​ဘု​ရင်​လက်​သို့​လည်း​ကောင်း ရောက်​စေ​တော်​မူ​သ​ဖြင့်၊ ထို​ရန်​သူ​တို့၏ တိုက်​ဖျက်​ခြင်း​ကို ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ