Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 3:27

Judson Bible

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​မိန်း​မ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း မြို့​သား​တို့​ရှိ​ရာ​သို့​သွား​ပြီး​လျှင်၊ သူ​တို့​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ၏ ဦး​ခေါင်း​ကို​ဖြတ်၍ ယွာ​ဘ​ရှေ့​သို့ ပစ်​ချ​ကြ၏။ ယွာ​ဘ​သည်​လည်း တံ​ပိုး​မှုတ်​သ​ဖြင့်၊ လူ​များ​တို့​သည် ထို​မြို့​မှ မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ယွာ​ဘ​သည်​လည်း ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ပြန်​သွား၏။

သူ​တို့​သည် အ​လျင်​အ​မြန်​ထ​သ​ဖြင့်၊ အ​သီး​အ​သီး မိ​မိ​တို့​ဝတ်​လုံ​ကို​ယူ၍ လှေ​ကား​ထိပ်​ပေါ် ယေ​ဟု​အောက်​မှာ ခင်း​လျက်၊ ယေ​ဟု​သည် ရှင်​ဘု​ရင်​ဖြစ်​တော်​မူ၏​ဟု​တံ​ပိုး​မှုတ်၍ ဟစ်​ကြော်​ကြ၏။

ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။

ယော​ရှု​က၊ သင်​တို့​သည်​အ​မျိုး​ကြီး​ဖြစ်၍ ဧ​ဖ​ရိမ်​တောင်​ကျဉ်း​မြောင်း​လျှင်၊ တော​အ​ရပ်​သို့​သွား၍ ဖေ​ရ​ဇိ​ပြည်၊ ရေ​ဖိမ်​ပြည်၌ ခုတ်​လှဲ​ကြ​လော့​ဟု ပြန်​ပြော၏။

တောင်​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ သစ်​ပင်​များ​လျှင် ခုတ်​လှဲ​ရ​မည်။ ထွက်​ရာ​လမ်း​တို့​သည်​လည်း သင်​တို့​အ​ဖို့ ဖြစ်​လိမ့်​မည်။ ခါ​န​နိ​လူ​တို့​သည် ခွန်​အား​ကြီး၍ သံ​ရ​ထား​နှင့် ပြည့်​စုံ​သော်​လည်း၊ သူ​တို့​ကို နှင်​ထုတ်​ကြ​လိမ့်​မည်​ဟု ဧ​ဖ​ရိမ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တည်း​ဟူ​သော ယော​သပ်​အ​မျိုး​သား​တို့​အား ပြော​ဆို၏။

အ​ဘိ​မ​လက်​လက်​ထက်​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော​သူ ဣ​သ​ခါ​အ​မျိုး၊ ဒေါ​ဒေါ​သား​ဖု​ဝါ၏​သား တော​လ​သည် ပေါ်​ထွန်း၍၊ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရှ​မိ​ရ​မြို့​မှာ နေ​လေ၏။

မိ​က္ခာ​အ​မည်​ရှိ​သော ဧ​ဖ​ရိမ်​တောင်​သား​တစ်​ယောက် ရှိ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​သည်​ကာ​လ၊ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း၌ တည်း​ခို​သော လေ​ဝိ​လူ​တစ်​ယောက်​သည်၊ ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သူ မိန်း​မ​တစ်​ယောက်​ကို သိမ်း​ယူ၏။

ထို​သို့ သူ​တို့​သည် ငံ့​နေ​ကြ​စဉ်​တွင်၊ ဧ​ဟု​ဒ​သည် ဘေး​လွတ်​သ​ဖြင့်၊ ကျောက်​တိုင်​တို့​ကို​လွန်၍ စိ​ရပ်​ရွာ​သို့​ရောက်​ပြီး​မှ၊

အာ​မ​လက်​လူ​နေ​ရာ​အ​နား​မှာ နေ​ရာ​ကျ​သော​သူ​တို့​သည် ဧ​ဖ​ရိမ်​ခ​ရိုင်​ထဲ​က ထွက်​လာ​ကြ၏။ သူ​တို့​နောက်​မှာ သင်၏​ဗိုလ်​ခြေ​တို့​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် လိုက်​ကြ၏။ မာ​ခိ​ရ​အ​မျိုး​ထဲ​က​မင်း​များ၊ ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က စီ​ရင်​တတ်​သော သူ​များ​တို့​သည် ထွက်​လာ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။

ဂိ​ဒေါင်​သည်​လည်း၊ တ​မန်​တို့​ကို ဧ​ဖ​ရိမ်​တောင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​သည် မိ​ဒျန်​လူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် သူ​တို့​အ​ရင်​စောင့်​နေ​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် စု​ဝေး၍၊ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် စောင့်​နေ​ကြ၏။

ယော​န​သန်​သည် ဂိ​ဗာ​မြို့၌​ရှိ​သော ဖိ​လိ​တ္တိ​တပ်​ကို​လုပ်​ကြံ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့​သည် သ​တင်း​ကြား၏။ ရှော​လု​က​လည်း မြစ်​တစ်​ဖက်၌ နေ​သော​သူ​တို့​သည် ကြား​သိ​စေ​ဟု တစ်​ပြည်​လုံး တံ​ပိုး​မှုတ်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ