မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသောသူဖြစ်၏။
မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့်ဖုံးအုပ်၍၊ ဝမ်းပျဉ်းအသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
တစ်ခဏချင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါပြီတကား။
ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက် သာ၍ ဆိုးကြ၏။ တရားသဖြင့် မစီရင်ကြ။ မိဘမရှိသော သူငယ်၏အမှုကိုစောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့် မစီရင်ကြ။
ငါ့အမွေကိုဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။
သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံသောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။
ဧဟုဒသည် အလျားတစ်တောင်ရှိသော သန်လျက်ကိုလုပ်၍ လက်ယာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
ဧဟုဒသည် လက်ဆောင်ကိုဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတစ်ယောက်မျှ မလွတ်ဘဲ၊ လူတစ်သောင်းကိုသတ်၍၊
ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ပူဇော်သကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣသရေလအမျိုးသား တင်လှူသော ပူဇော်သကာရှိသမျှတို့တွင်၊ အမြတ်ဆုံးသောအရာကို ဝစွာစားစေ၍၊ သင်၏သားတို့ကို ငါ့အပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။