Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 3:15

Judson Bible

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ လက်​ယာ​လက်​ကို​မ​သုံး​တတ်​သော ဗင်္ယာ​မိန်​အ​မျိုး၊ ဂေ​ရ​သား​ဧ​ဟု​ဒ​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။ သူ့​လက်​တွင် ဣ​သ​ရေ​လ​လူ​တို့​သည် လက်​ဆောင်​ကို မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့ ပေး​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

လက်​ဝဲ​လက်၌​ကိုင်​သော​ဓား​ကို အာ​မ​သ​သည် သ​တိ​မ​ပြု​သော​ကြောင့်၊ ဝမ်း​ကို​ထိုး၍ အ​အူ​ကို​မြေ​ပေါ်​မှာ​ချ၏။ ထပ်၍ မ​ထိုး​သော်​လည်း အာ​မ​သ​သေ​လေ၏။ ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​ကြ၏။

ယွာ​ဘ​က​လည်း၊ မာ၏​လား​ငါ့​ညီ​ဟု အာ​မ​သ​ကို​မေး၍ နမ်း​ဟန်​ဆောင်​လျက် လက်​ယာ​လက်​နှင့် အာ​မ​သ၏​မုတ်​ဆိတ်​ကို ကိုင်၏။

ဗေ​လ​သား​ကား အ​ဒ္ဒါ၊ ဂေ​ရ၊ အ​ဘိ​ဟုဒ်၊

ဂေ​ရာ၊ ရှေ​ဖု​ဖံ၊ ဟု​ရံ​တည်း၊

လာ​သော​သူ အ​သီး​အ​သီး​တို့​သည် ရွှေ​ဖ​လား၊ ငွေ​ဖ​လား၊ အ​ဝတ်​တန်​ဆာ၊ စစ်​တိုက်​လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​လား​တို့​ကို နှစ်​တိုင်း အ​ခွန်​ဆက်​ရ​ကြ၏။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​တို့​ကို ကွပ်​မျက်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​ကို ရှာ​ကြ၏။ ပြန်​လာ၍ ကိုယ်​တော်​ကို လိုက်​ရှာ​ကြ၏။

အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သော နေ့​ရက်​ကာ​လ၊ ဒု​က္ခ​ခံ​ရ​ခဲ့​ပြီး​သော နှစ်​ပေါင်း​များ​သည်​အ​တိုင်း၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​သ​နား​တော်​မူ​ပါ။

လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။

များ​သော​သူ​တို့​သည် မင်း​ကို ဖျောင်း​ဖျ​တတ်​ကြ၏။ လက်​ဆောင်​ပေး​သော​သူ​ကို​လည်း၊ လူ​တိုင်း မိတ်​ဆွေ​ဖွဲ့​တတ်၏။

တိတ်​ဆိတ်​စွာ​ပေး​သော​လက်​ဆောင်​သည် သူ့​စိတ်​ကို​လည်း​ကောင်း၊ ရင်​ခွင်၌​ချ​ထား​သော လက်​ဆောင်​ပ​ဏ္ဏာ​သည် ပြင်း​စွာ​သော အ​မျက်​ကို​လည်း​ကောင်း ဖြေ​တတ်၏။

ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့ ထွက်​လာ​ကြ။

ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။

သို့​ရာ​တွင် လု​ယူ​သော​သူ​တို့​လက်​မှ ကယ်​လွှတ်​သော တ​ရား​သူ​ကြီး​တို့​ကို ထာ​ဝ​ရ​ဘု​ရား ပေါ်​ထွန်း​စေ​တော်​မူ၏။

ထို​လူ​အ​ပေါင်း​တို့​တွင် လက်​ဝဲ​လက်​ကို သုံး​တတ်​သ​ဖြင့်၊ ဆံ​ခြည်​တစ်​ပင်​ကို လောက်​လွှဲ​နှင့်​မှန်​အောင် ပစ်​နိုင်​သော ယောက်ျား​ကောင်း ခု​နစ်​ရာ​ပါ​သ​တည်း။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး မော​ဘ​ရှင်​ဘု​ရင် ဧ​ဂ​လုန်​မင်း​ထံ၌ ကျွန်​ခံ​ရ​ကြ၏။

ဧ​ဟု​ဒ​သည် အ​လျား​တစ်​တောင်​ရှိ​သော သန်​လျက်​ကို​လုပ်၍ လက်​ယာ​ပေါင်​အ​ဝတ်​တွင်း၌ စည်း​ထား​ပြီး​လျှင်၊

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။

ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။

အ​ဓ​မ္မ​လူ​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို အ​ဘယ်​သို့ ကယ်​တင်​လိမ့်​မည်​နည်း​ဟု ဆို​လျက်၊ လက်​ဆောင်​ကို မ​ဆက်​ဘဲ မ​ထီ​မဲ့​မြင်​ပြု​သော်​လည်း၊ ရှော​လု​သည် အ​မှု​မ​ထား​ဘဲ​နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ