Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 3:11

Judson Bible

အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​ပြီး​မှ၊ ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် သေ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကေ​နတ်​သား​ကား ဩ​သံ​ယေ​လ​နှင့် စ​ရာ​ယ​တည်း။ ဩ​သံ​ယေ​လ​သား​ကား ဟာ​သတ်​နှင့် မော​နော​သဲ​တည်း။

တစ်​ဖန် ချမ်း​သာ​ရ​သော​အ​ခါ၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​ပြန်​ကြ​သော​ကြောင့်၊ ရန်​သူ​အ​စိုး​ရ​မည်​အ​ကြောင်း တစ်​ဖန်​အပ်​တော်​မူ၏။ သူ​တို့​သည်​ပြန်​လာ၍ ကိုယ်​တော်​ကို အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း အ​ထပ်​ထပ် ကယ်​တင်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

ကာ​လက်​ညီ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​သည် ထို​မြို့​ကို​တိုက်​ယူ၍ ကာ​လက်​သည် သ​မီး​အာ​ခ​သ​ကို သူ့​အား​ပေး​စား​လေ၏။

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ စစ်​ချီ​လေ၏။ မေ​သော​ပေါ​တာ​မိ​ရှင်​ဘု​ရင် ခု​ရှံ​ရိ​ရှ​သိမ်​ကို သူ့​လက်၌ ထာ​ဝ​ရ​ဘု​ရား​အပ်​တော်​မူ​သ​ဖြင့်၊ သူ​သည် ထို​ရှင်​ဘု​ရင်​ကို အောင်​လေ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။

မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သ​ခင်၊ ကာ​လက်​ညီ၊ ကေ​နတ်၏​သား​ဩ​သံ​ယေ​လ​ကို သူ​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သော​သူ​တို့​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွက်​သွား​သော နေ​မင်း​ကဲ့​သို့​ဖြစ်​ပါ​စေ​သော​ဟု သီ​ချင်း​ဆို​ကြ၏။ ထို​နောက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။

ထို​သို့ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ​ရှုံး၍၊ နောက်​တစ်​ဖန် အ​စိုး​မ​ရ​ဘဲ နေ​ကြ၏။ ဂိ​ဒေါင်​လက်​ထက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ