သူကြီး 21:6Judson Bibleဣသရေလ အမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တစ်မျိုးဆုံးပြီ။ အခန်းကိုကြည့်ပါ။ |
အို ဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း။ အို ဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင်မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာသောစိတ်ရှိ၏။
ဣသရေလ အမျိုးသားတို့ကလည်း၊ ဣသရေလ အမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကိုခံစေဟု ကြီးစွာသောကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။