Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 21:14

Judson Bible

ထို​အ​ခါ ဗင်္ယာ​မိန်​လူ​တို့​သည် လာ​ပြန်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ရှင်​ချန်​ထား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မိန်း​မ​တို့​နှင့် ပေး​စား​ကြ၏။ သို့​သော်​လည်း မိန်း​မ​တို့​သည် မ​လောက်​မ​င​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။-

လူ​ခြောက်​ရာ​တို့​သည် လှည့်၍ တော​အ​ရပ်​ရိ​မ္မုန်​ကျောက်​ကို မီ​အောင်​ပြေး​သ​ဖြင့်၊ ထို​ကျောက်​အောက်​မှာ လေး​လ​နေ​ကြ၏။

စစ်​သူ​ရဲ​တို့​သည် ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​သား​တို့​တွင်၊ ယောက်ျား​နှင့် မ​ဆက်​ဆံ​သေး​သော က​ညာ​မိန်း​မ​ပျို​လေး​ရာ​တို့​ကို တွေ့၍ ခါ​နာန်​ပြည်၌ တပ်​ချ​ရာ၊ ရှိ​လော​မြို့​သို့ ဆောင်​ခဲ့​ကြ၏။

တစ်​ဖန် စု​ဝေး​သော သူ​အ​ပေါင်း​တို့​သည်၊ ရိ​မ္မုန်​ကျောက်၌​နေ​သော ဗင်္ယာ​မိန်​လူ​တို့​ကို နှုတ်​ဆက်၍ အ​သင့်​အ​တင့်​ခေါ်​ခြင်း​ငှာ လူ​တို့​ကို​စေ​လွှတ်​ကြ၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​တွင် ပြို​ပျက်​ရာ​ကို ပြု​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဗင်္ယာ​မိန်​အ​တွက် နောင်​တ​ရ​ကြ၏။

သူ​တို့​အ​ဘ​နှင့်​မောင်​တို့​သည် ငါ​တို့​ထံ​သို့​လာ၍ အ​မှု​လုပ်​သော​အ​ခါ၊ ငါ​တို့​က ငါ​တို့​မျက်​နှာ​ကို​ထောက်၍ သူ​တို့​ကို သ​နား​ကြ​ပါ။ စစ်​တိုက်​ရာ​တွင် သူ​တို့ အ​သီး​အ​သီး​ဆိုင်​သော​မ​ယား​တို့​ကို သူ​တို့​အ​ဖို့ ငါ​တို့​သည် မ​ချန်​မ​ထား​မိ​ပါ။ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ယ​ခု​ပေး​စား​ကြ​သည်​မ​ဟုတ်​ဟု သူ​တို့​အား ပြန်​ပြော​မည်​ဟု မှာ​ထား​ကြ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​တို့​တွင် အ​ဘယ်​သူ​သည် မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း ဟူ၍​လည်း​ကောင်း မေး​မြန်း​လျှင်၊ ဂိ​လဒ်​ပြည်၊ ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ စု​ဝေး​ရာ​တပ်​သို့ မ​ရောက်​မ​လာ​ကြောင်း​ကို သိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ