တစ်ဖန် စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှာ လူတို့ကိုစေလွှတ်ကြ၏။
ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေးသောသူ၌လည်းကောင်း၊ နီးသောသူ၌လည်းကောင်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသောဟု ရှေ့ဦးစွာပြောကြလော့။
ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အားလည်းကောင်း၊ နီးလျက်ရှိသော ငါတို့အားလည်းကောင်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။-
သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ခြင်းငှာ ချဉ်းသောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့တည်း။
ကြွင်းသောသူတို့သည် လှည့်၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင်၊ လိုက်သောသူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ၏။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက်၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ၏။
လူခြောက်ရာတို့သည် လှည့်၍ တောအရပ်ရိမ္မုန်ကျောက်ကို မီအောင်ပြေးသဖြင့်၊ ထိုကျောက်အောက်မှာ လေးလနေကြ၏။
စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူမိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မငကြ။