စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသောအရပ်ကို စွန့်တော်မူ၏။
ရှေ့ဦးစွာ ငါ၏နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဖူးသည်ကို ကြည့်ရှုကြလော့။
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာတဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တစ်ပြည်လုံးနှိမ့်ချလျက်ရှိ၏။
ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
ထာဝရဘုရားထံတော်သို့ သွား၍ ညဉ့်ဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန် စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
သို့ဆိုသော်၊ ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကိုလည်းကောင်း၊ ရှင်းရှင်းပယ်ရှားကြလော့ဟုမှာထားသည်အတိုင်း၊
တစ်ဖန် စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှာ လူတို့ကိုစေလွှတ်ကြ၏။
ဣသရေလ အမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်း ဟူ၍လည်းကောင်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်၊ ယာဗက်မြို့သားတစ်ယောက်မျှ စုဝေးရာတပ်သို့ မရောက်မလာကြောင်းကို သိကြ၏။