သို့ဆိုသော်၊ ယောက်ျားအပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကိုလည်းကောင်း၊ ရှင်းရှင်းပယ်ရှားကြလော့ဟုမှာထားသည်အတိုင်း၊
မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကိုတိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။
စစ်သူရဲတို့သည် ဂိလဒ်ပြည်ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာမိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။