Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 21:10

Judson Bible

ထို​အ​ခါ စု​ဝေး​သော​သူ​တို့​သည် စစ်​သူ​ရဲ​တစ်​သောင်း​နှစ်​ထောင်​တို့​ကို စေ​လွှတ်​လျက်၊ သင်​တို့​သည်​သွား၍ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို ဓား​နှင့်​လုပ်​ကြံ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့်၊ သူ​ငယ်​ယောက်ျား​အ​ပေါင်း​ကို​လည်း​ကောင်း၊ ယောက်ျား​နှင့်​ဆက်​ဆံ​ဖူး​သော မိန်း​မ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သတ်​ကြ​လော့။

ထို​မြို့​သူ​မြို့​သား​တို့​ကို ဓား​နှင့် လုပ်​ကြံ​ရ​မည်။ မြို့​မှ​စ၍ မြို့၌​ရှိ​သော လူ​နှင့်​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို ဓား​နှင့် ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

ယော​ရှု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ ဇေ​ရ​သား​အာ​ခန်​မှ​စ၍ ထို​ငွေ၊ ဝတ်​လုံ၊ ရွှေ​တုံး၊ သား​သ​မီး၊ သိုး​နွား​မြည်း၊ တဲ​နှင့်​တ​ကွ သူ၌​ရှိ​သ​မျှ​တို့​ကို အာ​ခေါ်​ချိုင့်​သို့​ဆောင်​သွား​ပြီး​မှ၊

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​တို့​တွင် အ​ဘယ်​သူ​သည် မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း ဟူ၍​လည်း​ကောင်း မေး​မြန်း​လျှင်၊ ဂိ​လဒ်​ပြည်၊ ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ စု​ဝေး​ရာ​တပ်​သို့ မ​ရောက်​မ​လာ​ကြောင်း​ကို သိ​ကြ၏။

လူ​များ​တို့​ကို ရေ​တွက်​သော​အ​ခါ၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တစ်​ယောက်​မျှ မ​ပါ။

မေ​ရော​ဇ​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ဘက်၊ စစ်​သူ​ရဲ​တို့​နှင့်​ဝိုင်း၍ ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ မ​ကူ​ကြ​သော​ကြောင့်၊ မေ​ရော​ဇ​မြို့​ကို ကျိန်​ကြ​လော့။ မြို့​သား​တို့​ကို ပြင်း​စွာ ကျိန်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မှာ​ထား၏။

နွား​တစ်​ရှဉ်း​ကို​ယူ၍ ခုတ်​ဖြတ်​ပြီး​မှ၊ သံ​တ​မန်​တို့​လက်​တွင် ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့ ပေး​လိုက်၍၊ ရှော​လု​နှင့် ရှ​မွေ​လ​နောက်​သို့ ထွက်၍​မ​လိုက်​သော​သူ၏​နွား​တို့​ကို ဤ​ကဲ့​သို့​ပြု​မည်​ဟု​ကြော်​ငြာ​စေ​သ​ဖြင့်၊ လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်၍ တ​ညီ​တ​ညွတ်​တည်း ထွက်​လာ​ကြ၏။

ယ​ခု​သွား၍ ထို​အ​မျိုး​ကို​လုပ်​ကြံ​လော့။ နှ​မြော​ခြင်း​မ​ရှိ​ဘဲ၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်၊ နို့​စို့​မှ​စ၍၊ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​တို့​ကို​သတ်​လော့​ဟု ရှော​လု​အား ဆင့်​ဆို​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ