Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 21:1

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘယ်​သူ​မျှ မိ​မိ​သ​မီး​ကို ဗင်္ယာ​မိန်​အ​မျိုး​သား၌ မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ မိ​ဇ​ပါ​မြို့​မှာ ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။

သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​ဟု သ​စ္စာ​စောင့်​ခြင်း၊ တ​ရား​စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း​အား​ဖြင့် ကျိန်​ဆို​လိမ့်​မည်။ လူ​အ​မျိုး​မျိုး​တို့​သည်​လည်း၊ ထို​ဘု​ရား​သ​ခင်​အား​ဖြင့် မိ​မိ​တို့​ကို​ကောင်း​ချီး​ပေး၍၊ ထို​ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ဝါ​ကြွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​အ​ခါ ယေ​ရ​မိ​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​သွား၍၊ ပြည်၌​ကျန်​ကြွင်း​သေး​သော သူ​တို့​နှင့် အ​တူ​နေ​လေ၏။

တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။-

မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။-

ထို​သူ​တို့​သည် မှန်​သော​ပ​ညာ​မ​ရှိ​သော်​လည်း၊ ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​ဟု သူ​တို့​အ​ဖို့ ငါ​သက်​သေ​ခံ၏။-

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။

ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၌ ပြု​သ​မျှ​သော အ​ဓ​မ္မ​အ​မှု​နှင့်​ညီ​လျော်​စွာ လူ​များ​တို့​သည် ထို​မြို့​သို့​ရောက်၍ အ​ပြစ်​ဒဏ်​ပေး​မည်​အ​ကြောင်း၊ သူ​တို့​စား​စ​ရိတ်​ကို ပို့​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၌ လူ​တစ်​ရာ​တွင် တစ်​ဆယ်၊ တစ်​ထောင်​တွင် တစ်​ရာ၊ တစ်​သောင်း​တွင် တစ်​ထောင်​တို့​ကို ရွေး​ကောက်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊

ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​ဖန်​လှည့်၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​လျက် မြို့​ရွာ၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်​တွေ့​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ တွေ့​သ​မျှ​သော မြို့​ရွာ​တို့​ကို မီး​ရှို့​ကြ၏။

လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ ထ၍ ငါ​တို့​သည် တစ်​ယောက်​မျှ မိ​မိ​တဲ​သို့​မ​သွား၊ မိ​မိ​အိမ်​သို့​မ​ပြန်။

သို့​သော်​လည်း အ​ကြင်​သူ​သည် ဗင်္ယာ​မိန်​လူ၌ သ​မီး​ကို​ပေး​စား၏။ ထို​သူ​သည် ကျိန်​အပ်​သော​သူ ဖြစ်​စေ​ဟု ဣ​သ​ရေ​လ​လူ​တို့​သည် ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့် ငါ​တို့​သည် ကိုယ်​သ​မီး​တို့​ကို မ​ပေး​စား​ရ​ဟူ၍​လည်း​ကောင်း၊

သူ​တို့​အ​ဘ​နှင့်​မောင်​တို့​သည် ငါ​တို့​ထံ​သို့​လာ၍ အ​မှု​လုပ်​သော​အ​ခါ၊ ငါ​တို့​က ငါ​တို့​မျက်​နှာ​ကို​ထောက်၍ သူ​တို့​ကို သ​နား​ကြ​ပါ။ စစ်​တိုက်​ရာ​တွင် သူ​တို့ အ​သီး​အ​သီး​ဆိုင်​သော​မ​ယား​တို့​ကို သူ​တို့​အ​ဖို့ ငါ​တို့​သည် မ​ချန်​မ​ထား​မိ​ပါ။ သင်​တို့၌ အ​ပြစ်​ရောက်​စေ​ခြင်း​ငှာ ယ​ခု​ပေး​စား​ကြ​သည်​မ​ဟုတ်​ဟု သူ​တို့​အား ပြန်​ပြော​မည်​ဟု မှာ​ထား​ကြ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

ငါ​တို့​သည် ကိုယ်​သ​မီး​ကို သူ​တို့​အား​မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့ ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊

ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဉ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ