Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:8

Judson Bible

လူ​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ ထ၍ ငါ​တို့​သည် တစ်​ယောက်​မျှ မိ​မိ​တဲ​သို့​မ​သွား၊ မိ​မိ​အိမ်​သို့​မ​ပြန်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပူ​ဇော်​ခြင်း​ကို နှစ်​သက်​သည်​ထက် ဖြောင့်​မတ်​စွာ​ပြု​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သာ၍ နှစ်​သက်​တော်​မူ၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဂိ​ဗာ​မြို့​တစ်​ဖက်၌​စည်း​ဝေး၍ တစ်​ယောက်​သော​သူ​ကဲ့​သို့ သင်း​ဖွဲ့​လျက်​နေ​ကြ၏။

သင်​တို့​ရှိ​သ​မျှ​သည် ဣ​သ​ရေ​လ​အ​မျိုး ဖြစ်​ကြ​ပါ၏။ ဤ​အ​ရပ်၌ တိုင်​ပင်​စီ​ရင်​ကြ​ပါ​လော့​ဟု ပြော​ဆို​လေ၏။

ဂိ​ဗာ​မြို့၌ အ​ဘယ်​သို့ ပြု​မည်​နည်း​ဟူ​မူ​ကား၊ စာ​ရေး​တံ​ချ၍ အ​တိုက်​သွား​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘယ်​သူ​မျှ မိ​မိ​သ​မီး​ကို ဗင်္ယာ​မိန်​အ​မျိုး​သား၌ မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ မိ​ဇ​ပါ​မြို့​မှာ ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​က​လည်း၊ ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် အ​ဘယ်​သူ​သည် ပ​ရိ​သတ်​အ​ပေါင်း​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သ​နည်း​ဟု မေး​ကြ၏။ အ​ကြောင်း​မူ​ကား၊ မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​လာ​ဘဲ​နေ​သော​သူ​သည် ဧ​ကန်​အ​မှန် အ​သေ​သတ်​ခြင်း​ကို​ခံ​စေ​ဟု ကြီး​စွာ​သော​ကျိန်​ဆို​ခြင်း​ကို ပြု​နှင့်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ