Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:5

Judson Bible

ည​အ​ခါ ဂိ​ဗာ​မြို့​သား​တို့​သည် ထ၍ အ​ကျွန်ုပ်​တည်း​ခို​သော​အိမ်​ကို ဝိုင်း​လျက်၊ အ​ကျွန်ုပ်​ကို တိုက်​သတ်​မည် အား​ထုတ်​ကြ​ပါ၏။ မ​ယား​ငယ် သေ​သည်​တိုင်​အောင် ရှုတ်​ချ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​သော​အ​မှု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ။ သင်​တို့​ရှေ့​မှာ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​သို့​သော​အ​မှု​ကို​ပြု၍ ညစ်​ညူး​ကြ၏။

မြို့​သား​ယောက်ျား​တို့​သည် ထို​မိန်း​မ​ကို အ​ဘ​အိမ်​တံ​ခါး​သို့ ဆောင်​ခဲ့​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​ဘ​အိမ်၌ မ​တ​ရား​သော မေ​ထုန်​သို့​လိုက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ မိုက်​မဲ​သော​အ​မှု​ကို ပြု​လေ​ပြီ။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

ထို​သူ​နှစ်​ယောက်​တို့​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ဆောင်​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ မိန်း​မ​သည် မြို့​ထဲ​မှာ​ရှိ​လျက်​ပင် မ​အော်​မ​ဟစ်​သော​ကြောင့်​လည်း​ကောင်း၊ ယောက်ျား​လည်း သူ့​မ​ယား​ကို ရှုတ်​ချ​သော​ကြောင့်​လည်း​ကောင်း၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

ကျိန်​အပ်​သော​အ​ရာ​ပါ​လျက် မှတ်​တော်​မူ​သော​သူ​မှ​စ၍၊ သူ၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​ဖျက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လေ​ပြီ​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။

ထ​လော့။ သွား​ကြ​ကုန်​အံ့​ဟု ဆို​သော်​လည်း သူ​သည် ပြန်​မ​ပြော​ဘဲ​နေ၏။ ထို​အ​ခါ ယောက်ျား​သည် သူ့​ကို​မြည်း​ပေါ်​မှာ တင်​သ​ဖြင့် မိ​မိ​နေ​ရာ​သို့ သွား​လေ၏။

အ​သေ​ခံ​ရ​သော မိန်း​မ၏​လင် လေ​ဝိ​လူ​က၊ အ​ကျွန်ုပ်​သည် မ​ယား​ငယ်​နှင့်​အ​တူ​လာ၍ ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​မှာ ည​ကို​လွန်​စေ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ