Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:47

Judson Bible

လူ​ခြောက်​ရာ​တို့​သည် လှည့်၍ တော​အ​ရပ်​ရိ​မ္မုန်​ကျောက်​ကို မီ​အောင်​ပြေး​သ​ဖြင့်၊ ထို​ကျောက်​အောက်​မှာ လေး​လ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​၌​အ​နည်း​ငယ်​မျှ ကြွင်း​စေ​တော်​မ​မူ​လျှင်၊ ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​၍ ဂေါ​မော​ရ​မြို့​နှင့် တူ​ကြ​ပြီ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​သော်​လည်း၊ နာ​မ​တော်​ကို ထောက်၍ စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကြိမ်​ဖန်​များ​စွာ ဖောက်​ပြန်​ပါ​ပြီ။ ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။

ဝမ်း​နည်း​စေ​တော်​မူ​သော်​လည်း၊ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ သ​နား​တော်​မူ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဗျာ​ဒိတ်​တော်​သံ​ကို ကြား၍ ကြောက်​ရွံ့​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​နှစ်​များ​အ​တွင်း​တွင် အ​မှု​တော်​ကို ပြု​ပြင်​တော်​မူ​ပါ။ ယ​ခု​နှစ်​များ​အ​တွင်း​တွင် ထင်​ရှား​စေ​တော်​မူ​ပါ။ အ​မျက်​ထွက်​တော်​မူ​သော်​လည်း က​ရု​ဏာ​တ​ရား​ကို အောက်​မေ့​တော်​မူ​ပါ။

ဂေ​ဘ​မြို့​မှ​သည် ယေ​ရု​ရှ​လင်​မြို့ တောင်​ဘက်၊ ရိ​မ္မုန်​မြို့​တိုင်​အောင် တစ်​ပြည်​လုံး​ကို ချိုင့်​ကဲ့​သို့ တ​ညီ​တည်း ဖြစ်​စေ​တော်​မူ​မည်။ မြို့​သည်​လည်း ဗင်္ယာ​မိန်​တံ​ခါး​မှ​သည် အ​ရင်​တံ​ခါး​ရာ၊ မြို့​ထောင့်​တံ​ခါး တိုင်​အောင်​လည်း​ကောင်း၊ ဟာ​န​နေ​လ​ရဲ​တိုက်​မှ​သည် စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​တော် တိုင်​အောင်​လည်း​ကောင်း ချီး​မြှောက်​ခြင်း​ကို​ခံ၍၊ မြို့​ဟောင်း​ရာ၌ တစ်​ဖန် တည်​ရ​လိမ့်​မည်။

ထို​နေ့​တွင် လဲ၍​သေ​သော ဗင်္ယာ​မိန် ဓား​စွဲ​သူ​ရဲ​တို့ အ​ရေ​အ​တွက်​ကား၊ နှစ်​သောင်း​ငါး​ထောင်​တည်း။

ဣ​သ​ရေ​လ​လူ​တို့​သည် တစ်​ဖန်​လှည့်၍၊ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တိုက်​လျက် မြို့​ရွာ၌​ရှိ​သော​လူ၊ တိ​ရ​စ္ဆာန်​တွေ့​သ​မျှ​တို့​ကို ဓား​နှင့်​လုပ်​ကြံ၍၊ တွေ့​သ​မျှ​သော မြို့​ရွာ​တို့​ကို မီး​ရှို့​ကြ၏။

တစ်​ဖန် စု​ဝေး​သော သူ​အ​ပေါင်း​တို့​သည်၊ ရိ​မ္မုန်​ကျောက်၌​နေ​သော ဗင်္ယာ​မိန်​လူ​တို့​ကို နှုတ်​ဆက်၍ အ​သင့်​အ​တင့်​ခေါ်​ခြင်း​ငှာ လူ​တို့​ကို​စေ​လွှတ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ