Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:32

Judson Bible

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​က၊ သူ​တို့​သည် ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ပြေး​ကြ​ကုန်​အံ့၊ သူ​တို့​ကို မြို့​နှင့်​ဝေး​သော​လမ်း​တို့​သို့ သွေး​ဆောင်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ငါ​နှင့်​တ​ကွ ငါ၌​ပါ​သော​သူ​အ​ပေါင်း​တို့​သည် မြို့​အ​နီး​သို့ ချဉ်း​ကပ်​မည်။ သူ​တို့​သည် ယ​မန်​ကဲ့​သို့​တိုက်​ခြင်း​ငှာ ထွက်​လာ​ကြ​သော​အ​ခါ၊ ငါ​တို့​သည် သူ​တို့​ရှေ့​မှာ ပြေး​ရ​ကြ​မည်။

သူ​တို့​လည်း​လိုက်​ခြင်း​ငှာ မြို့​ထဲ​က​ထွက်၍၊ မြို့​နှင့် ကွာ​မှန်း​ကို​မ​သိ​ဘဲ ခွာ၍​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ရှေ့​မှာ ငါ​တို့​သည်​ပြေး​သော​အ​ခါ၊ ယ​မန်​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ ပြေး​ကြ​ပြီ​ဟု သူ​တို့​ဆို​ကြ​လိမ့်​မည်။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​တိုက်​ထွက်၍ မြို့​နှင့်​ကွာ​သွား​ကြ၏။ ဗေ​သ​လ​မြို့​သို့​သွား​သော​လမ်း၊ ဂိ​ဗာ​တော​ရွာ​သို့ သွား​သော​လမ်း​တွင် ယ​မန်​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး သူ​ရဲ​တို့​ကို လုပ်​ကြံ​စ​ပြု၍ လူ​သုံး​ဆယ်​ခန့်​မျှ သေ​ကြ၏။

ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​အ​ရပ်​မှ​ထ၍ ဗာ​လ​တာ​မာ​မြို့၌ စစ်​ခင်း​ကြ၏။ ကင်း​စောင့်​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ ဂိ​ဗာ​လွင်​ပြင်​မှ ထ​ကြ​သ​ဖြင့်၊

ဣ​သ​ရေ​လ​လူ​တို့​သည် စစ်​တိုက်​ရာ​တွင် ဆုတ်​သော​အ​ခါ၊ ဗင်္ယာ​မိန်​လူ​တို့​က၊ အ​ကယ်၍ သူ​တို့​သည် ယ​မန်​စစ်​ရှုံး​သ​ကဲ့​သို့ ငါ​တို့​ရှေ့​မှာ​ရှုံး​ကြ​ပြီ​ဟု ဆို​လျက် သူ​ရဲ​တို့​ကို​လုပ်​ကြံ​စ​ပြု၍ လူ​သုံး​ဆယ်​ခန့်​မျှ သေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ