Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:27

Judson Bible

ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ပါ​လျက်၊ အာ​ရုန်၏​သား​ဖြစ်​သော ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည်၊ သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​စောင့်​သည်​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​နေ့​က​စ၍ ယ​နေ့​တိုင်​အောင် အိမ်​နှင့်​ငါ​မ​နေ။ တဲ​အ​မျိုး​မျိုး​နှင့် ငါ​လှည့်​လည်​ပြီ။

ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မ​ကယ်​မ​တင်​နိုင်​အောင် လက်​တော်​တို​သည်​မ​ဟုတ်။ မ​ကြား​နိုင်​အောင် နား​တော်​ထိုင်း​သည် မ​ဟုတ်။

ရှေ့​ဦး​စွာ ငါ၏​နာ​မ​ကို ငါ​တည်​စေ​သော​အ​ရပ်၊ ရှိ​လော​ရွာ၌​ရှိ​သော ငါ့​အ​ရပ်​ဌာ​န​သို့​သွား၍၊ ငါ၏​အ​မျိုး ဣ​သ​ရေ​လ​လူ​တို့၏ အ​ပြစ်​ကြောင့်၊ ထို​အ​ရပ်​ကို အ​ဘယ်​သို့​ငါ​ပြု​ဖူး​သည်​ကို ကြည့်​ရှု​ကြ​လော့။

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ရှိ​လော​မြို့​မှာ​စည်း​ဝေး၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို တည်​ထောင်​ကြ၏။ သူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​နှိမ့်​ချ​လျက်​ရှိ၏။

ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့ ညီ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန်​သွား၍ တိုက်​ရ​ပါ​မည်​လော၊ မ​သွား​ဘဲ​နေ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​ကြ​လော့။ နက်​ဖြန်​နေ့​တွင် သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။

ထို​အ​ရပ်​မှ​လွန်၍ တာ​ဗော်​လွင်​ပြင်​သို့ ရောက်​လျှင်၊ ဆိတ်​သ​ငယ်​သုံး​ကောင်​ကို ဆောင်​သော​သူ​တစ်​ယောက်၊ မုန့်​သုံး​လုံး​ကို ဆောင်​သော​သူ တစ်​ယောက်၊ စ​ပျစ်​ရည်​ဘူး​ကို​ဆောင်​သော​သူ တစ်​ယောက်​တည်း​ဟူ​သော ဗေ​သ​လ​မြို့ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ သွား​သော​သူ သုံး​ယောက်​တို့​နှင့် သင်​သည်​တွေ့​ကြုံ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ