Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:25

Judson Bible

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က ထွက်​ပြီး​လျှင်၊ ဓား​လက်​နက်​စွဲ​ကိုင်​သော ဣ​သ​ရေ​လ​လူ တစ်​သောင်း​ရှစ်​ထောင်​တို့​ကို မြေ​ပေါ်၌​လှဲ၍ သတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

ဗင်္ယာ​မိန်​သည် လု​ယူ​ကိုက်​စား​တတ်​သော​တော​ခွေး​ဖြစ်​လိမ့်​မည်။ ဖမ်း​ရ​သော​အ​ရာ​ကို နံ​နက်​အ​ချိန်၌​ကိုက်​စား၍၊ လု​ယူ​သော​အ​ရာ​ကို​လည်း ည​အ​ချိန်၌​ဝေ​ဖန်​လိမ့်​မည်​ဟု မြွက်​ဆို၏။

မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။

ဂိ​ဗာ​မြို့​လက်​ထက်၌ အ​ပြစ်​ကြီး​သည်​ထက် ဣ​သ​ရေ​လ​သည် အ​ပြစ်​သာ၍ ကြီး၏။ ထို​မြို့၌ ရပ်​နေ​ကြ၏။ ဂိ​ဗာ​မြို့၌ အ​ဓ​မ္မ​လူ​တို့​ကို စစ်​တိုက်​သော​အ​ခါ မ​ရှုံး​ကြ။

ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။-

ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။-

ငါ​တို့၏ မ​တ​ရား​သော​အ​မှု​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​လျှင်၊ အ​ဘယ်​သို့​ဆို​ရ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ဒဏ်​ပေး​တော်​မူ​လျှင်၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​ဆို​သော် လူ​သ​ဘော​အ​တိုင်း ငါ​ဆို​သ​တည်း။-

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် ဂိ​ဗာ​မြို့​ထဲ​က​ထွက်​ပြီး​လျှင်၊ ထို​နေ့​တွင် ဣ​သ​ရေ​လ​လူ နှစ်​သောင်း​နှစ်​ထောင်​တို့​ကို မြေ​ပေါ်​မှာ​လှဲ၍ သတ်​ကြ၏။

ဒု​တိ​ယ​နေ့​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​တို့​အ​နီး​သို့ ချဉ်း​ကြ​သော​အ​ခါ၊

ထို​အ​ခါ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​အိမ်​တော်​သို့​သွား၍ ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ဝပ်​လျက်၊ တစ်​နေ့​လုံး ညဉ့်​ဦး​ယံ​တိုင်​အောင် အ​စာ​ကို​ရှောင်၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ