ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ၊
ထာဝရဘုရားထံတော်သို့ သွား၍ ညဉ့်ဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန် စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင်၊ ဓားလက်နက်စွဲကိုင်သော ဣသရေလလူ တစ်သောင်းရှစ်ထောင်တို့ကို မြေပေါ်၌လှဲ၍ သတ်ကြ၏။