သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပထမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တစ်ဖန် ခင်းကျင်းကြ၏။
ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တစ်ယောက်တစ်လှည့် သေတတ်၏။ အားယူ၍ မြို့ကိုကျပ်တည်းစွာတိုက်လျက် လုပ်ကြံတိုက်ဖျက်ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
မကောင်းသောအမှုမှာ တစ်ယောက်ကိုတစ်ယောက် နှိုးဆော်တတ်ကြ၏။ ကျော့ကွင်းတို့ကို ထောင်ထားခြင်းငှာ တိုင်ပင်၍၊ အဘယ်သူ မြင်လိမ့်မည်နည်းဟု ဆိုတတ်ကြ၏။
ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတစ်ပါး အမြို့မြို့အရွာရွာကလာသော ဗင်္ယာမိန် အမျိုးသားအရေအတွက်ကား၊ ဓားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲကထွက်ပြီးလျှင်၊ ထိုနေ့တွင် ဣသရေလလူ နှစ်သောင်းနှစ်ထောင်တို့ကို မြေပေါ်မှာလှဲ၍ သတ်ကြ၏။
ထာဝရဘုရားထံတော်သို့ သွား၍ ညဉ့်ဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တစ်ဖန် စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်မည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊