ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ဓားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏လူတို့တစ်ဖက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ်သောသူကို တစ်ဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။
ယွာဘသည်လည်း လူပေါင်းစာရင်းကို ရှင်ဘုရင်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ ရှစ်သိန်း၊ ယုဒအမျိုး၌ ငါးသိန်း ရှိကြ၏။
မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကိုသိသောအခါ၊ ဓားကိုင်သောသူခုနစ်ရာကိုခေါ်၍ ဧဒုံရှင်ဘုရင်၏တပ်ကိုဖျက်မည်ဟု အားထုတ်သော်လည်း မဖျက်နိုင်။
ထိုသတင်းကိုကြားသောအခါ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှာ၊ ရှိလောမြို့၌စည်းဝေးကြ၏။
ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတစ်ပါး အမြို့မြို့အရွာရွာကလာသော ဗင်္ယာမိန် အမျိုးသားအရေအတွက်ကား၊ ဓားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။
ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။
ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ၏။ ဣသရေလအမျိုးသားတို့က၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင်၊
ထိုအခါ ဓားကိုင်သော လူတစ်သိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်းတို့တွင် ကျန်ကြွင်းသော လူတစ်သောင်းငါးထောင်ခန့်မျှသာ ပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။
ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်းရှိကြ၏။