Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 20:18

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​စာ​ရှောင်​ရ​သော အ​ချိန်​ကို ခန့်​ထား​ကြ​လော့။ ခြိုး​ခြံ​စွာ ကျင့်​ရ​သော​အ​ချိန်​ကို ကြော်​ငြာ​ကြ​လော့။ အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ စည်း​ဝေး၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ​လော့။

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ရှိ​လော​မြို့​မှာ​စည်း​ဝေး၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ကို တည်​ထောင်​ကြ၏။ သူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​နှိမ့်​ချ​လျက်​ရှိ၏။

ဣ​သ​ရေ​လ​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ခွင့်​မ​ပန်​ဘဲ ထို​သူ​တို့၏​ရိ​က္ခာ​ကို​စား​ကြ၏။

ဘု​ရား​သ​ခင်၏​အိမ်​တော်​သည် ရှိ​လော​မြို့၌ ရှိ​သည်​ကာ​လ​ပတ်​လုံး၊ မိ​က္ခာ​သွန်း​သော​ရုပ်​တု​ကို​လည်း တည်​ထောင်​ကြ၏။

ကျွန်ုပ်​တို့​သည် ယု​ဒ​ခ​ရိုင်​ဗက်​လင်​မြို့​မှ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း​သို့ သွား၏။ ကျွန်ုပ်​သည် ဧ​ဖ​ရိမ်​တောင်​သား ဖြစ်၏။ ဗက်​လင်​မြို့​သို့ ခ​ဏ​သွား​ပြီး​မှ ယ​ခု ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့​သွား၏။ အ​ဘယ်​သူ​မျှ ဧည့်​မ​ခံ​သေး။

ဗင်္ယာ​မိန်​အ​မျိုး​သား​မှ​တစ်​ပါး ဓား​လက်​နက်​စွဲ​ကိုင်၍ စစ်​သူ​ရဲ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရေ​အ​တွက်​ကား လေး​သိန်း​တည်း။

နံ​နက်​စော​စော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထ၍ ဂိ​ဗာ​မြို့​အ​နား၌ တပ်​ချ​ပြီး​မှ၊

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်​တို့​ရှိ​သ​မျှ​သည် ဣ​သ​ရေ​လ​အ​မျိုး ဖြစ်​ကြ​ပါ၏။ ဤ​အ​ရပ်၌ တိုင်​ပင်​စီ​ရင်​ကြ​ပါ​လော့​ဟု ပြော​ဆို​လေ၏။

ထို​အ​ရပ်​မှ​လွန်၍ တာ​ဗော်​လွင်​ပြင်​သို့ ရောက်​လျှင်၊ ဆိတ်​သ​ငယ်​သုံး​ကောင်​ကို ဆောင်​သော​သူ​တစ်​ယောက်၊ မုန့်​သုံး​လုံး​ကို ဆောင်​သော​သူ တစ်​ယောက်၊ စ​ပျစ်​ရည်​ဘူး​ကို​ဆောင်​သော​သူ တစ်​ယောက်​တည်း​ဟူ​သော ဗေ​သ​လ​မြို့ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ သွား​သော​သူ သုံး​ယောက်​တို့​နှင့် သင်​သည်​တွေ့​ကြုံ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ