ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။
လူပေါင်းစာရင်းကို ဒါဝိဒ်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ တစ်သန်းနှင့် တစ်သိန်း၊ ယုဒအမျိုး၌ ဓားကိုင်သူရဲ လေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောလူပေါင်းကား ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ် ရှိသတည်း။
ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်းတစ်ထောင်ခုနစ်ရာသုံးဆယ် ရှိသတည်း။
ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တစ်ပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။
ဣသရေလအမျိုးသားတို့သည် ဘုရားသခင်၏အိမ်တော်သို့ ထ၍ သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌ မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
ဣသရေလ အမျိုးအနွယ်အပေါင်း၊ ပြည်သားအပေါင်းတို့၏ အကြီးအကဲတို့သည် စည်းဝေးကြသော်၊ ဘုရားသခင်၏လူ၊ ဓားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ၏။
သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပထမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တစ်ဖန် ခင်းကျင်းကြ၏။
ဗေဇက်မြို့၌ တပ်စာရင်းယူသောအခါ၊ ဣသရေလအမျိုးသား သုံးသိန်း၊ ယုဒအမျိုးသား သုံးသောင်းရှိကြ၏။
ရှောလုသည် လူတို့ကိုစုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်းရှိကြ၏။