ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တစ်ပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။
ဩဇိမင်းသည်လည်း၊ ဗိုလ်ခြေအပေါင်းတို့အဖို့ ဒိုင်းလွှား၊ လှံ၊ သံခမောက်လုံး၊ သံချပ်၊ လေး၊ ကျောက်နှင့် ပစ်စရာလောက်လွှဲတို့ကို ပြင်ဆင်လေ၏။
ဗင်္ယာမိန်အမျိုးသားမှတစ်ပါး ဓားလက်နက်စွဲကိုင်၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသားအရေအတွက်ကား လေးသိန်းတည်း။
နောက်တစ်ဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သောသခင်၊ လက်ယာလက်ကိုမသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင်ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
တစ်ဖန် မိမိတောင်ဝှေးကိုကိုင်လျက်၊ ချောသောကျောက်ငါးလုံးကို ချောင်းထဲကရွေး၍၊ သိုးထိန်း တန်ဆာတည်းဟူသော လွယ်အိတ်၌ထည့်ပြီးမှ၊ လောက်လွှဲကိုလည်းကိုင်၍ ဖိလိတ္တိလူရှိရာသို့ ချဉ်းလေ၏။
ကိုယ်တော်၏အသက်ကို သတ်အံ့သောငှာ လူအချို့တို့သည် ထ၍ရှာသော်လည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့အသက်ကိုမူကား၊ လောက်လွှဲထဲက ပစ်သကဲ့သို့ ပစ်တော်မူလိမ့်မည်။