Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 2:13

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဆယ်​ခ​ရိုင်​ကို နုတ်​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ့​ကို​စွန့်၍ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား ခေ​မု​ရှ၊ အ​မ္မုန်​ဘု​ရား မိ​လ​ကုံ​တို့​ကို ကိုး​ကွယ်​သ​ဖြင့်၊ အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့၌​မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ ငါ့​လမ်း​တို့​သို့​မ​လိုက်။

ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​နောက်​သို့ လိုက်၍၊

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့၊ ဖျက်​ဆီး​ခြင်း​တောင်​လက်​ယာ​ဘက်၌ ရွံ​ရှာ​ဖွယ်​သော ဇိ​ဒုန်​ဘု​ရား​အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​အ​ဖို့ တည်​သော ကုန်း​တို့​ကို​လည်း ရှင်​ဘု​ရင်​ညစ်​ညူး​စေ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ရော​ဗောင်​မင်း​ကြီး နန်း​စံ​ငါး​နှစ်​တွင်၊

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။ အာ​ရှ​ရ​ပင်​တို့​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။

တစ်​ယောက်​က၊ သူ​တို့၏​ဘိုး​ဘေး​များ​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သူ​တို့​သည်​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​ကို​မှီ​ဝဲ​လျက် ဝတ်​ပြု​ကိုး​ကွယ်​ကြ​သော​ကြောင့် ဤ​အ​မှု​အ​လုံး​စုံ​ကို ရောက်​စေ​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​တို့၏​ရုပ်​တု​များ​ကို​ဝတ်​ပြု၍ ကျော့​ကွင်း၌ ကျော့​မိ​ကြ၏။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊

ရှေး​ကာ​လ၌ သင်​ထမ်း​ရ​သော​ထမ်း​ပိုး၊ သင်၌​ချည်​သော နှောင်​ဖွဲ့​ခြင်း​ကို ငါ​ချိုး​ချွတ်၍ သင်​က၊ အ​ကျွန်ုပ်​သည် မ​မှား​ယွင်း​ဘဲ​နေ​ပါ​မည်​ဟု က​တိ​ထား​သော်​လည်း၊ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း၊ ကိုယ်​ကို​ချ၍ ပြည့်​တန်​ဆာ​လုပ်​လေ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ၏။

ဘု​ရား​များ၊ အ​ရှင်​များ​ဟု​ဆို​သည်​အ​တိုင်း ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​သ​မုတ်​သော သူ​အ​များ​ရှိ​သော်​လည်း၊-

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊

တစ်​ဖန် သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​စွန့်၍၊ ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ပြစ်​မှား​ပါ​ပြီ။ သို့​ရာ​တွင် ရန်​သူ​လက်​မှ ကယ်​ချွတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ဝတ်​ပြု​ပါ​မည်​ဟု လျှောက်​ကြ​သော​အ​ခါ၊

လက်​နက်​တော်​ကို​လည်း အာ​ရှ​တ​ရက်​ကျောင်း၌​ထား၍ အ​လောင်း​တော်​ကို ဗက်​ရှန်​မြို့​ရိုး၌ ဆွဲ​ထား​ကြ၏။

တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ