Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 2:12

Judson Bible

အဲ​ဂု​တ္တု​ပြည်​မှ သူ​တို့​ကို ဆောင်​ခဲ့​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​မျိုး​တို့၏ ဘု​ရား​တစ်​ပါး​တို့​နောက်​သို့ လိုက်​လျက်​ဦး​ညွှတ်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို ထွက်​စေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့၏​ရုပ်​တု​များ​ကို​ဝတ်​ပြု၍ ကျော့​ကွင်း၌ ကျော့​မိ​ကြ၏။

သူ​တို့​သည် မြင့်​သော​အ​ရပ်​များ​အား​ဖြင့်၊ အ​မျက်​တော်​ကို နှိုး​ဆော်၍၊ ရုပ်​တု​များ​အား​ဖြင့်​လည်း စိတ်​တော်​ကို ချုပ်​ချယ်​နှောင့်​ယှက်​ကြ၏။

နောင်​ကာ​လ၌​သင်၏​သား​က​လည်း၊ အ​ဘယ်​သို့​နည်း​ဟု​မေး​မြန်း​လျှင်၊ သင်​က​လည်း​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော လက်​တော်​ဖြင့် ငါ​တို့​ကို​နုတ်​ဆောင်​တော်​မူ၏။

ဤ​အ​ရာ​သည်​လည်း၊ သင်၏​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ​ဟု လူ​များ​တို့​အား​ပြော​ဆို​လေ၏။

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​သည်၊ သင်၏​နှုတ်၌​တည်​မည်​အ​ကြောင်း၊ ဤ​အ​ရာ​သည် သင်၏​လက်​၌​လ​က္ခ​ဏာ​သက်​သေ၊ သင်၏​မျက်​စိ​ကြား​မှာ အောက်​မေ့​ဖို့​ရာ​ဖြစ်​ရ​မည်။ အား​ကြီး​သော​လက်​တော်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ပြီ။

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊

ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တ​ပြည်​မှ သင်​တို့​ကို ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​လိုက်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော​လမ်း​မှ ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဟော​ပြော​သော​ကြောင့်၊ ထို​ပ​ရော​ဖက်​ပြု​သူ​နှင့် အိပ်​မက်​မြင်​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ပယ်​ရှင်း​ရ​ကြ​မည်။

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​ရှောင်​ချင်​သော သ​ဘော​ရှိ​လျက်၊ ထို​လူ​မျိုး​တို့၏ ဘု​ရား​များ​ထံ​သို့ သွား၍​ဝတ်​ပြု​သော​ယောက်ျား၊ မိန်း​မ၊ အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ခါး​စွာ​သော​အ​သီး၊ ဒေါ​န​ကို​သီး​တတ်​သော အ​ပင်​မြစ်​သည် သင်​တို့​တွင် ပေါက်​မည်​ဟူ၍​လည်း​ကောင်း၊

သူ​တစ်​ပါး​တို့​က၊ ထို​သူ​တို့၏ ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​အ​ခါ၊ သူ​တို့​နှင့်​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို သူ​တို့​သည် စွန့်​ကြ​သော​ကြောင့်​လည်း​ကောင်း၊

သို့​ရာ​တွင်၊ ယေ​ရှု​ရုန်​သည် ဆူ​ဝ၍ ခြေ​နှင့်​ကန်​လေ၏။ ဆူ​ဝ​လျက်၊ တုတ်​လျက်၊ ဆီ​ဥ​နှင့်​ပြည့်​စုံ​လျက်​နေ​သ​ဖြင့်၊ ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို စွန့်၍၊ ကယ်​တင်​ရာ​ကျောက်​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

သင်​တို့​သည် သား​မြေး​တို့​ကို​ဖွား​မြင်၍၊ ထို​ပြည်၌​ကြာ​မြင့်​စွာ​နေ​ပြီး​မှ၊ တစ်​ဖန် ဖောက်​ပြန်​သ​ဖြင့်၊ သ​ဏ္ဌာန်​တစ်​စုံ​တစ်​ခု​ရှိ​သော ရုပ်​တု​ကို​လုပ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု​လျှင်၊

ဦး​မ​ချ၊ ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့၌ ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ သင့်​ကို​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် သင်​တို့​ကို အဲ​ဂု​တ္တု​လူ၊ အာ​မော​ရိ​လူ၊ အ​မ္မုန်​လူ၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​သည် မ​ဟုတ်​လော။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သစ်​တို့​ကို ရွေး​ယူ​ကြ၏။ ထို​အ​ခါ သူ​တို့​မြို့​များ​ကို ရန်​သူ​တို့​သည် တိုက်​လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား လေး​သောင်း​တွင် ဒိုင်း​လွှား​တစ်​ခု၊ လှံ​တစ်​စင်း​မျှ မ​ရှိ။

ဂိ​ဒေါင်​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖောက်​ပြန်၍ ဗာ​လ​ဘု​ရား​တို့​နှင့် မှား​ယွင်း​သ​ဖြင့်၊ ဗာ​လ​ဗေ​ရိတ်​ကို ဘု​ရား​အ​ရာ၌ ချီး​မြှောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ