Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 2:11

Judson Bible

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။

ယု​ဒ၏​သား​ဦး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌​ဆိုး​သော​သူ​ဖြစ်၍၊ သူ့​ကို​ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။

ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​နောက်​သို့ လိုက်၍၊

ဧ​လိ​ယ​က၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​မ​နှောင့်​ယှက်၊ သင်​နှင့် သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တ​ရား​ကို​စွန့်၍ ဗာ​လ​ဘု​ရား​တို့​ကို​ဆည်း​ကပ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို နှောင့်​ယှက်​ကြ​ပြီ။

ဗာ​လ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်၍၊ အ​ဘ​ကျင့်​လေ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကို နှိုး​ဆော်​သ​တည်း။ ဓ​မ္မ​ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​ပြီး၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ လိုက်​သော​လမ်း​သို့​လိုက်၍၊ ဗာ​လ​ဘု​ရား​တို့​အ​ဖို့ ရုပ်​တု​ဆင်း​တု​များ​ကို သွန်း​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား​တို့၏ ရွံ​ရှာ​ဖွယ် ထုံး​စံ​အ​တိုင်း၊ ဟိ​န္နုံ​သား​ချိုင့်၌ နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍၊ မိ​မိ​သား​တို့​ကို​လည်း မီး​ဖြင့်​ပူ​ဇော်၏။

မိ​မိ​သား​တို့​ကို ဟိ​န္နုံ​သား​ချိုင့်၌ မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို​ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်၊ နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို သုံး​ဆောင်၍၊ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​များ​စွာ​သော ဒု​စ​ရိုက်​ကို​ပြု၏။

အာ​ဇ​ဂဒ်​အ​မျိုး၊ ဟ​က္က​တန်​သား ယော​ဟ​နန်​နှင့် ယောက်ျား​ပေါင်း တစ်​ရာ​တစ်​ကျိပ်၊

သို့​ရာ​တွင် အ​မိန့်​တော်​ကို နား​မ​ထောင်၊ ပုန်​ကန်​လျက် တ​ရား​တော်​ကို ကျော​နောက်​သို့ ပစ်​ထား​ကြ၏။ အ​ထံ​တော်​သို့ ပြန်​လာ​စေ​ခြင်း​ငှာ၊ ဆုံး​မ​သော ကိုယ်​တော်၏​ပ​ရော​ဖက်​တို့​ကို သတ်၍ အ​လွန်​ပြစ်​မှား​ခြင်း​ကို ပြု​ကြ၏။

သို့​သော်​လည်း၊ သူ​တို့​သည် အ​မြင့်​ဆုံး​သော​ဘု​ရား​ကို စုံ​စမ်း၍ ပုန်​ကန်​ကြ၏။ သက်​သေ​ခံ​တော်​မူ​ချက်​များ​ကို မ​စောင့်​ဘဲ၊

ငါ့​စ​ကား​ကို ငြင်း​ပယ်​သော ဘိုး​ဘေး​တို့၏ ဒု​စ​ရိုက်​များ​ကို ပြု​အံ့​သော​ငှာ​ပြန်​သွား​ကြ​ပြီ။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​အံ့​သော​ငှာ လိုက်​သွား​ကြ​ပြီ။ သူ​တို့၏​ဘိုး​ဘေး​များ​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​သည် ဖျက်​ကြ​ပြီ။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏ ဘိုး​ဘေး​တို့​သည် ငါ့​ကို​စွန့်၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ လိုက်​လျက်၊ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ငါ့​ကို​စွန့်​ပစ်၍၊ ငါ့​တ​ရား​ကို မ​စောင့်​သော​ကြောင့်​လည်း​ကောင်း၊

ရှေး​ကာ​လ၌ သင်​ထမ်း​ရ​သော​ထမ်း​ပိုး၊ သင်၌​ချည်​သော နှောင်​ဖွဲ့​ခြင်း​ကို ငါ​ချိုး​ချွတ်၍ သင်​က၊ အ​ကျွန်ုပ်​သည် မ​မှား​ယွင်း​ဘဲ​နေ​ပါ​မည်​ဟု က​တိ​ထား​သော်​လည်း၊ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်၌​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း၊ ကိုယ်​ကို​ချ၍ ပြည့်​တန်​ဆာ​လုပ်​လေ၏။

သင်​က​လည်း၊ ငါ​သည် ညစ်​ညူး​ခြင်း​မ​ရှိ၊ ဗာ​လ​ဘု​ရား​တို့​နောက်​သို့ မ​လိုက်​ဟု အ​ဘယ်​သို့ ဆို​နိုင်​သ​နည်း။ ချိုင့်၌ သင်​လိုက်​သော​လမ်း​ကို ကြည့်​ရှု​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဝန်​ခံ​လော့။ လျင်​မြန်​စွာ​ပြေး၍ လှည့်​လည်​တတ်​သော ကု​လား​အုတ်​မ ပါ​တ​ကား။

သူ​တို့​သည် ဝင်၍ သိမ်း​ယူ​ကြ​သော်​လည်း၊ အ​မိန့်​တော်​ကို နား​မ​ထောင်၊ တ​ရား​တော်​လမ်း​သို့ မ​လိုက်၊ မှာ​ထား​တော်​မူ​သော အ​ကျင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​ဘဲ​နေ​သော​ကြောင့်၊ ယ​ခု​ခံ​ရ​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​အ​ပေါ်​သို့ ရောက်​စေ​တော်​မူ​ပြီ။

မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သို့​လည်း​ကောင်း၊ မိ​ရိုး​ဖ​လာ​အ​တိုင်း ဗာ​လ​ဘု​ရား​တို့ နောက်​သို့​လည်း​ကောင်း လိုက်​ကြ​သော​ကြောင့်၊

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ကို ဆည်း​ကပ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ၏။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။

သင်​တို့​သည် သား​မြေး​တို့​ကို​ဖွား​မြင်၍၊ ထို​ပြည်၌​ကြာ​မြင့်​စွာ​နေ​ပြီး​မှ၊ တစ်​ဖန် ဖောက်​ပြန်​သ​ဖြင့်၊ သ​ဏ္ဌာန်​တစ်​စုံ​တစ်​ခု​ရှိ​သော ရုပ်​တု​ကို​လုပ်၍၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို​ပြု​လျှင်၊

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပြစ်​မှား​ပါ​ပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ကို စွန့်၍၊ ဗာ​လ​ဘု​ရား​တို့​ကို ဝတ်​ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား၊ ရှု​ရိ​ဘု​ရား၊ ဇိ​ဒုန်​ဘု​ရား၊ မော​ဘ​ဘု​ရား၊ အ​မ္မုန်​ဘု​ရား၊ ဖိ​လိ​တ္တိ​ဘု​ရား​တို့​ကို ဝတ်​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​မ​ပြု စွန့်​ထား​ကြ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​အပ်​တော်​မူ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ မော​ဘ​ရှင်​ဘု​ရင်​ဧ​ဂ​လုန်​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။

ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​မေ့​လျော့​သ​ဖြင့်၊ ဗာ​လ​ဘု​ရား​များ၊ အာ​ရှ​ရ​ပင်​များ​ကို ဝတ်​ပြု​သော​ကြောင့်၊

ဧ​ဟု​ဒ​သေ​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ဖန် ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊

ထို​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား​က၊ သင့်​အ​ဘ၏​နွား​ပိုက်​နှင့် အ​သက်​ခု​နစ်​နှစ်​ရှိ​သော ဒု​တိ​ယ​နွား​ထီး​ကို ယူ​ပြီး​လျှင်၊ သင့်​အ​ဘ​တည်​သော ဗာ​လ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ကို ဖြို​ဖျက်၍၊ ယဇ်​ပ​လ္လင်​အ​နား​မှာ​ရှိ​သော အာ​ရှ​ရ​ပင်​ကို ခုတ်​လှဲ​လော့။

ဂိ​ဒေါင်​သေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဖောက်​ပြန်၍ ဗာ​လ​ဘု​ရား​တို့​နှင့် မှား​ယွင်း​သ​ဖြင့်၊ ဗာ​လ​ဗေ​ရိတ်​ကို ဘု​ရား​အ​ရာ၌ ချီး​မြှောက်​ကြ၏။

တစ်​ဖန် သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို​စွန့်၍၊ ဗာ​လ​ဘု​ရား​နှင့် အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ပြစ်​မှား​ပါ​ပြီ။ သို့​ရာ​တွင် ရန်​သူ​လက်​မှ ကယ်​ချွတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ဝတ်​ပြု​ပါ​မည်​ဟု လျှောက်​ကြ​သော​အ​ခါ၊

တစ်​ဖန် ရှ​မွေ​လ​က၊ သင်​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တည်း​ဟူ​သော ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို ပယ်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ပြန်​လာ​သ​ဖြင့်၊ ထို​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကြ​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆုံး​မ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗာ​လ​ဘု​ရား၊ အာ​ရှ​တ​ရက်​ဘု​ရား​တို့​ကို​ပယ်၍ ထာ​ဝ​ရ​ဘု​ရား​ကို​သာ ဝတ်​ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ