Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 2:1

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ တ​မန်​တော်​သည်၊ ဂိ​လ​ဂါ​လ​မြို့​မှ ဗော​ခိမ်​မြို့​သို့​လာ၍၊ သင်​တို့ ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သော​ပြည်​သို့ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​ဆောင်​ခဲ့​ပြီ။ သင်​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ငါ​မ​ဖျက် အ​စဉ်​အ​မြဲ​စောင့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

41 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။

ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။

ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။

ကိုယ်​တော်​မိန့်​တော်​မူ​သည်​ကား၊ သင်၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် ငါ​မြဲ​မြံ​စေ​မည်။

ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​လည်း မ​ရှုတ်​ချ။ ငါ​မိန့်​မြွက်​သော စ​ကား​လည်း ဖောက်​ပြန်​ခြင်း​မ​ရှိ​ရ။

သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။

ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​ရှေ့​မှာ​သွား​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် နောက်၌​လိုက်​သ​ဖြင့်၊ မိုး​တိမ်​တိုင်​သည် သူ​တို့​ရှေ့​က​ရွှေ့၍ နောက်၌​ရပ်​နေ​လေ​၏။

ငါ​သည် သင့်​ကို ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​ဆောင်​ယူ​ခဲ့​ပြီး​သော သင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၏။

ကြည့်​ရှု​လော့။ လမ်း​ခ​ရီး၌ သင့်​ကို​စောင့်​ရှောက်၍၊ ငါ​ပြင်​ဆင်​နှင့်​သော​အ​ရပ်​သို့ ပို့​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​ကို သင့်​ရှေ့၌​ငါ​စေ​လွှတ်၏။

ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။

အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။

ကိုယ်​တော်၏​နာ​မ​ကြောင့်၊ အ​ကျွန်ုပ်​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မ​မူ​ပါ​နှင့်။ ဘုန်း​တော်​ပ​လ္လင်၏ အ​သ​ရေ​ကို ရှုတ်​ချ​တော်​မ​မူ​ပါ​နှင့်။ အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​ဖွဲ့​သော​ပ​ဋိ​ညာဉ်​တော်​ကို ဖျက်​တော်​မ​မူ​ပါ​နှင့်။

ငါ​သည် ယာ​ကုပ်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်၊ ဣ​ဇာက်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်၊ အာ​ဗြ​ဟံ​နှင့်​ပြု​သော ပ​ဋိ​ညာဉ်​ကို​လည်း​ကောင်း၊ ထို​ပြည်​ကို​လည်း​ကောင်း ငါ​အောက်​မေ့​မည်။

သို့​ရာ​တွင် ရန်​သူ​ပြည်၌​နေ​ကြ​သော​အ​ခါ၊ သူ​တို့​ကို​ရှင်း​ရှင်း​ဖျက်​ဆီး၍၊ သူ​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ပယ်​သည်​တိုင်​အောင် သူ​တို့​ကို​ငါ​မ​စွန့်​ပစ်၊ မ​ရွံ​ရှာ။ ငါ​သည် သူ​တို့၏​ဘု​ရား​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် အ​ရင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​လို၍၊ ကျေး​ဇူး​အ​မည်​ရှိ​သော ငါ၏​တောင်​ဝှေး​ကို ယူ၍ ချိုး၏။

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​ပြည်​ကို စူး​စမ်း​ရာ​နေ့​ရက်​ပေါင်း အ​ရက်​လေး​ဆယ်​နှင့်​အ​ညီ၊ တစ်​ရက်​ကို တစ်​နှစ်​ထား၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး ကိုယ်​အ​ပြစ်​ကို​ဆောင်​လျက်၊ ငါ့​စွန့်​ပစ်​ခြင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​မှာ သင်​တို့​မျက်​မှောက်၌ ပြု​တော်​မူ​သ​ကဲ့​သို့၊ စုံ​စမ်း​ခြင်း​နိ​မိတ်​လ​က္ခ​ဏာ​နှင့် အံ့​ဖွယ်​သော​အ​မှု​တို့​ကို​ပြ​ခြင်း၊ စစ်​မှု​ကို​ရောက်​စေ​ခြင်း၊ အား​ကြီး​သော​လက်​ရုံး​တော်​ကို​ဆန့်​ခြင်း၊ ကြောက်​မက်​ဖွယ်​သော​ရူ​ပါ​ရုံ​တို့​ကို ပြ​ခြင်း​အား​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​သည်​သွား၍ လူ​တစ်​မျိုး​ထဲ​က​တစ်​မျိုး​ကို မိ​မိ​အ​ဖို့ နုတ်​ယူ​ဖူး​သ​လော။

သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မှန်​သော​ဘု​ရား၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​သော သူ​တို့၏​အ​မျိုး​အ​စဉ်​အ​ဆက် အ​ထောင်​အ​သောင်း​တိုင်​အောင် ပ​ဋိ​ညာဉ်​စ​ကား​တည်၍ က​ရု​ဏာ​ကို​ပြ​သော​ဘု​ရား၊

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် သင်​တို့​တွင်​ရှိ၍၊ သင်​တို့​ရှေ့​မှ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ ဟိ​ဝိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဂိ​ရ​ဂါ​ရှိ​လူ၊ အာ​မော​ရိ​လူ၊ ယေ​ဗု​သိ​လူ​တို့​ကို စင်​စစ်​နှင်​ထုတ်​တော်​မူ​မည်​အ​ကြောင်း​ကို အ​ဘယ်​သို့​သိ​ရ​မည်​နည်း​ဟူ​မူ​ကား၊

သင်၏​ဘု​ရား ခေ​မု​ရှ​အ​ပိုင်​ပေး​သော​မြေ​ကို သင်​သိမ်း​ယူ​ရ​သည် မ​ဟုတ်​လော။ ထို​အ​တူ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော သူ​တို့၏​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ရ၏။

ဒန်​အ​မျိုး၊ ဇော​ရာ​မြို့​သား မာ​နော်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ သူ၏​မ​ယား​သည် မြုံ​သော​ကြောင့် သား​မ​ဖွား။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထို​မိန်း​မ​အား ကိုယ်​ထင်​ရှား၍၊ သင်​သည် မြုံ​သော​ကြောင့် သား​မ​ဖွား​သော်​လည်း၊ ယ​ခု ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။

ထို​အ​ရပ်​ကို ဗော​ခိမ်​အ​မည်​ဖြင့်​မှည့်၍ ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တစ်​ယောက်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ စေ​လွှတ်​တော်​မူ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ သင်​တို့​ကို ငါ​နုတ်​ဆောင်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ