Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 19:9

Judson Bible

ထို​သူ​သည် မ​ယား​ငယ်​နှင့် ငယ်​သား​ကို​ခေါ်၍ သွား​အံ့​သော​ငှာ ထ​ပြန်​သော​အ​ခါ၊ သူ၏​ယော​က္ခ​မ​ဖြစ်​သော ထို​မိန်း​မ၏​အ​ဘ​က၊ ကြည့်​ပါ၊ မိုး​ချုပ်​လု​ပြီ။ ယ​နေ့​ည​ကို​လည်း လွန်​စေ​ပါ​တော့။ နေ့​အ​ချိန် ကုန်​လု​ပြီ။ ဤ​အ​ရပ်၌ အိပ်၍ ပျော်​မွေ့​လျက်​နေ​ပါ​တော့။ နက်​ဖြန်​နံ​နက် စော​စော​ထ၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ သွား​တော့​ဟု ဆို​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊

နက်​ဖြန်​နေ့​ကို အ​မှီ​ပြု၍ မ​ဝါ​ကြွား​နှင့်။ တစ်​ရက် အ​တွင်း​တွင် အ​ဘယ်​သို့ ဖြစ်​လိမ့်​မည်​ကို မ​သိ​နိုင်။

ထို​သူ​တို့​က အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ဝင်၍ နေ​ပါ။ ညဉ့်​ဦး​ယံ​အ​ချိန် ရှိ​ပြီ။ မိုး​လည်း​ချုပ်​ပါ​သည်​ဟူ၍ ကိုယ်​တော်​ကို ကျပ်​ကျပ်​သွေး​ဆောင်​ကြ၏။ ထို​ကြောင့် သူ​တို့​နှင့်​အ​တူ​နေ​ခြင်း​ငှာ ဝင်​တော်​မူ၏။-

သ​မက်​သည် ထို​ည​ကို​မ​လွန်​စေ​ဘဲ ထ​သွား၍ ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့် မ​ယား​ငယ်​လည်း​ပါ​လျက် ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗုတ်​မြို့​အ​နီး​သို့ ရောက်​လေ၏။

နှစ်​ယောက်​လုံး​ထိုင်၍ စား​သောက်​လျက် နေ​ကြ၏။ ယော​က္ခ​မ​က​လည်း၊ သ​ဘော​ကျ​ပါ​တော့။ ယ​နေ့​ည​ကို​လည်း လွန်​စေ​သ​ဖြင့် ပျော်​မွေ့​လျက်​နေ​ပါ​တော့​ဟု သ​မက်​အား​ဆို​ပြန်၍၊

ပ​ဥ္စ​မ​နေ့​ရက် နံ​နက်​စော​စော​သွား​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ယော​က္ခ​မ​က၊ အား​ဖြည့်​ပါ​ဦး​တော့​ဟု​ဆို၍ မွန်း​လွဲ​သည်​တိုင်​အောင် နှစ်​ယောက်​လုံး စား​သောက်​လျက်​နေ​ကြ၏။

ဗော​ဇ​သည်​စား​သောက်၍ ရွှင်​လန်း​လျက်၊ စ​ပါး​ပုံ​အ​နား​သို့​သွား၍ အိပ်​သော​အ​ခါ၊ ရု​သ​သည် တိတ်​ဆိတ်​စွာ​ချဉ်း​ကပ်၍ သူ့​ခြေ၌​ဖုံး​သော​အ​ဝတ်​ကို ဖွင့်​ပြီး​လျှင် အိပ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ