Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 19:6

Judson Bible

နှစ်​ယောက်​လုံး​ထိုင်၍ စား​သောက်​လျက် နေ​ကြ၏။ ယော​က္ခ​မ​က​လည်း၊ သ​ဘော​ကျ​ပါ​တော့။ ယ​နေ့​ည​ကို​လည်း လွန်​စေ​သ​ဖြင့် ပျော်​မွေ့​လျက်​နေ​ပါ​တော့​ဟု သ​မက်​အား​ဆို​ပြန်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​က​လည်း၊ အာ​မ​နုန်​သည် စ​ပျစ်​ရည်​ကို​သောက်၍ ရွှင်​လန်း​သော​အ​ခါ စောင့်​နေ​ကြ။ အာ​မ​နုန်​ကို ထိုး​ခုတ်​ကြ​ဟု ငါ​ဆို​သော​အ​ခါ၊ သေ​အောင်​လုပ်​ကြံ​ကြ။ မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​စီ​ရင်​သည် မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့​ဟု မိ​မိ​ကျွန်​တို့​အား မှာ​ထား​နှင့်​သည်​အ​တိုင်း၊

ခင်​ပွန်း​ယေ​ဇ​ဗေ​လ​က၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို အ​စိုး​ရ​တော်​မူ​သည် မ​ဟုတ်​လော။ ထ၍ ရွှင်​လန်း​သော​စိတ်​နှင့် စား​တော်​ခေါ်​ပါ။ ကျွန်​မ​သည် ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်၏ စ​ပျစ်​ဥ​ယျာဉ်​ကို ဆက်​ပါ​မည်​ဟု​ဆို​သည်​အ​တိုင်း၊

မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ဆင်း​လှ​သော​ကြောင့်၊

စ​ပျစ်​ရည်​သည်​လည်း လူ​တို့​ကို ရွှင်​လန်း​စေ၏။ ဆီ​အား​ဖြင့်​လည်း သူ​တို့​မျက်​နှာ​ကို ပြောင်​စေ​တော်​မူ၏။ မုန့်​သည်​လည်း၊ သူ​တို့​နှ​လုံး​ကို​ထောက်​မ၏။

ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။-

ထို​အ​ချိန်​နာ​ရီ၌ ကြီး​စွာ​သော မြေ​လှုပ်​ခြင်း ဖြစ်၍၊ မြို့​ရိုး ဆယ်​စု​တစ်​စု​ပြို​လေ၏။ ထို​မြေ​လှုပ်​ခြင်း၌ လူ​ခု​နစ်​ထောင်​သေ​ကြ၏။ ကြွင်း​သော​သူ​တို့​သည် ကြောက်​ရွံ့၍ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ၏။-

စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခါ၊ ရှံ​ဆုန်​ကို ခေါ်​ခဲ့။ ငါ​တို့​အ​ဖို့ က​စား​ပါ​လေ​စေ​ဟု ဆို​သ​ဖြင့်၊ ရှံ​ဆုန်​ကို ထောင်​အိမ်​မှ​ခေါ်​ခဲ့၍ သူ​သည် က​စား​ရ၏။ သူ​ကို​လည်း ဇ​ရပ်​တိုင်​ကြား​မှာ ထား​ကြ၏။

သ​မက်​သည် သွား​အံ့​သော​ငှာ ထ​သော်​လည်း၊ ယော​က္ခ​မ​သွေး​ဆောင်​သ​ဖြင့် သ​မက်​သည် ထို​အ​ရပ်၌ အိပ်​ပြန်​လေ၏။

ထို​သူ​သည် မ​ယား​ငယ်​နှင့် ငယ်​သား​ကို​ခေါ်၍ သွား​အံ့​သော​ငှာ ထ​ပြန်​သော​အ​ခါ၊ သူ၏​ယော​က္ခ​မ​ဖြစ်​သော ထို​မိန်း​မ၏​အ​ဘ​က၊ ကြည့်​ပါ၊ မိုး​ချုပ်​လု​ပြီ။ ယ​နေ့​ည​ကို​လည်း လွန်​စေ​ပါ​တော့။ နေ့​အ​ချိန် ကုန်​လု​ပြီ။ ဤ​အ​ရပ်၌ အိပ်၍ ပျော်​မွေ့​လျက်​နေ​ပါ​တော့။ နက်​ဖြန်​နံ​နက် စော​စော​ထ၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ သွား​တော့​ဟု ဆို​သော်​လည်း၊

ဥ​ယျာဉ်၌​လည်​လျက် စ​ပျစ်​သီး​ကို သိမ်း​ယူ​လျက် ပျော်​မွေ့​ခြင်း​ကို​ပြု​သ​ဖြင့်၊ မိ​မိ​တို့ ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ဘိ​မ​လက်​ကို ကျိန်​ဆဲ​ကြ၏။

ဗော​ဇ​သည်​စား​သောက်၍ ရွှင်​လန်း​လျက်၊ စ​ပါး​ပုံ​အ​နား​သို့​သွား၍ အိပ်​သော​အ​ခါ၊ ရု​သ​သည် တိတ်​ဆိတ်​စွာ​ချဉ်း​ကပ်၍ သူ့​ခြေ၌​ဖုံး​သော​အ​ဝတ်​ကို ဖွင့်​ပြီး​လျှင် အိပ်​လေ၏။

အ​ဘိ​ဂဲ​လ​သည်​လည်း နာ​ဗ​လ​ထံ​သို့ ပြန်​သွား၍၊ သူ​သည် ရှင်​ဘု​ရင်၏ ပွဲ​ကဲ့​သို့​သော​ပွဲ​ကို မိ​မိ​အိမ်၌​ခံ​သ​ဖြင့်၊ ယစ်​မူး၍ စိတ်​ရွှင်​လန်း​လျက် နေ​သော​ကြောင့်၊ မိုး​မ​လင်း​မီ မ​ယား​သည် အ​လျှင်း​မ​ပြော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ