ထိုကြောင့် သမက်သည် စားသောက်လျက်၊ အိပ်လျက်၊ သုံးရက်ပတ်လုံး ယောက္ခမအိမ်၌နေ၏။
မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
မယားငယ်တို့၌ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလာဘ်များကိုဝေပေး၍၊ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
လင်သည် သူ့ကိုချော့မော့၍ ဆောင်ခဲ့ခြင်းငှာ ငယ်သားတစ်ယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား၍ ရောက်သောအခါ၊ မယားငယ်သည် မိမိအဘအိမ်ထဲသို့ ခေါ်သွင်း၍၊ အဘသည် သမက်ကိုတွေ့မြင်လျှင် ဝမ်းမြောက်သောစိတ်ရှိ၍ သိမ်းဆည်းလေ၏။
စတုတ္တနေ့ရက် နံနက်စောစောထ၍ ထွက်သွားအံ့သောငှာ ပြင်ဆင်သောအခါ၊ ယောက္ခမက၊ မုန့်အနည်းငယ်ကိုစား၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည်အတိုင်း၊