Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 19:23

Judson Bible

အိမ်​ရှင်​သည်​လည်း ထွက်၍၊ ညီ​အစ်​ကို​တို့၊ ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်။ ဤ​သူ​သည် အ​ကျွန်ုပ်​အိမ်၌ တည်း​ခို​သော​သူ​ဖြစ်၍ အ​ဓ​မ္မ​မ​ပြု​ကြ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​၌ ယောက်ျား​နှင့်​မ​ဆက်​ဆံ​သော သ​မီး​နှစ်​ယောက်​ရှိ​ပါ၏။ သူ​တို့​ကို သင်​တို့​ထံ​သို့​ထုတ်​ရ​သော​အ​ခွင့်​ကို ပေး​ကြ​ပါ​လော့။ သူ​တို့၌ ပြု​ချင်​သ​မျှ​ပြု​ကြ​ပါ​လော့။ ဤ​လူ​တို့၌ အ​လျှင်း​မ​ပြု​ကြ​ပါ​နှင့်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ကျွန်ုပ်​အိမ်​မိုး​အ​ရိပ်​ကို​ခို​နေ​ပါ​၏​ဟု တောင်း​ပန်​သော်​လည်း၊

ယာ​ကုပ်၏​သား​တို့​လည်း သ​တင်း​ကြား​သော​အ​ခါ၊ တော​အ​ရပ်​မှ​ပြန်​ရောက်​ကြ၏။ ထို​မင်း​သား​သည် ယာ​ကုပ်၏​သ​မီး​နှင့်​အိပ်​မိ၍၊ ဣ​သ​ရေ​လ​အ​မျိုး၌​မိုက်​သော​အ​မှု၊ မ​ပြု​အပ်​သော​အ​ရာ​ကို ပြု​မိ​သော​ကြောင့်၊ သူ​တို့​သည်​စိတ်​နာ၍ အ​လွန်​အ​မျက်​ထွက်​ကြ​၏။

တာ​မာ​က​လည်း မ​ပြု​ပါ​နှင့် ငါ့​မောင်။ ငါ့​ကို မ​ရှုတ်​ချ​ပါ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဤ​သို့​သော​အ​မှု​ကို မ​ပြု​သင့်၊ ဤ​အ​မှု​ဆိုး​ကို မ​ပြု​ပါ​နှင့်။

မြို့​သား​ယောက်ျား​တို့​သည် ထို​မိန်း​မ​ကို အ​ဘ​အိမ်​တံ​ခါး​သို့ ဆောင်​ခဲ့​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​ဘ​အိမ်၌ မ​တ​ရား​သော မေ​ထုန်​သို့​လိုက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ မိုက်​မဲ​သော​အ​မှု​ကို ပြု​လေ​ပြီ။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

ကျိန်​အပ်​သော​အ​ရာ​ပါ​လျက် မှတ်​တော်​မူ​သော​သူ​မှ​စ၍၊ သူ၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​ဖျက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လေ​ပြီ​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​သည်​လည်း မ​ယား​ငယ်​အ​ကောင်​ကို​ယူ၍ အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး​မှ၊ ဣ​သ​ရေ​လ​အ​မျိုး အ​မွေ​ခံ​ရာ ပြည်​တစ်​လျှောက်​လုံး​သို့ ပေး​လိုက်​ပါ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ဆိုး​ညစ်​သော​အ​မှု၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပါ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ