Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 19:20

Judson Bible

လူ​အို​က​လည်း၊ သင်၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။ သင်​လို​သ​မျှ​သည် ငါ့​တာ​ရှိ​စေ​တော့။ လမ်း​မှာ​ည​ကို မ​လွန်​စေ​နှင့်​ဟု​ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဝိ​ညာဉ်​တော်​သည် ဗိုလ်​ချုပ်​အာ​မ​သဲ​အ​ပေါ်​မှာ သက်​ရောက်၍၊ အို​ဒါ​ဝိဒ်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​လူ၊ အို​ယေ​ရှဲ၏​သား​တော်၊ ကိုယ်​တော်​ဘက်​သို့ ဝင်​စား​သော​သူ​ဖြစ်​ပါ၏။ ကိုယ်​တော်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကို​မ​စ​သော​သူ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို မ​စ​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​လေ​သော်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို လက်​ခံ၍ ဗိုလ်​အ​ရာ၌ ခန့်​ထား​လေ၏။

ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-

သန့်​ရှင်း​သူ​တို့​သည် ဆင်း​ရဲ​သော​အ​ခါ ဝေ​ငှ​ပေး​ကမ်း​ကြ​လော့။ အာ​ဂ​န္တု​တို့​အား ဧည့်​သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြ​လော့။-

ထို​သ​ခင်​သည် ငါ​တို့၏​သ​ခင်​သာ​မ​ဟုတ်၊ သင်​တို့၏​သ​ခင်​လည်း ဖြစ်​တော်​မူ၏။ သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။

နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။-

အ​ချို့​သော​သူ​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​သည်​တွင်၊ ကောင်း​ကင်​တ​မန်​တို့​ကို အ​မှတ်​တ​မဲ့ ဧည့်​ခံ​ကြ​ပြီ။-

မြည်​တမ်း​ခြင်း​မ​ရှိ​ဘဲ အ​ချင်း​ချင်း ဧည့်​သည်​ဝတ်​ကို ပြု​ကြ​လော့။-

ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-

ထာ​ဝ​ရ​ဘု​ရား​က၊ ချမ်း​သာ​ပါ​စေ။ မ​စိုး​ရိမ်​နှင့်။ သင်​သည် သေ​ဘေး​နှင့် လွတ်​လျက်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

စည်း​စိမ်​ကြီး​သော ထို​သူ​ကို ငါ့​ကိုယ်​စား နှုတ်​ဆက်၍​ပြော​ရ​မည်​မှာ၊ ကိုယ်​တော်​မှ​စ၍ ကိုယ်​တော်၏​အိမ်၊ ကိုယ်​တော်​နှင့် ဆိုင်​သ​မျှ​တို့၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ