ဂိဗာမြို့၊ ရာမမြို့ အစရှိသော တစ်စုံတစ်ခုသောအရပ်၌ ညကိုလွန်စေခြင်းငှာ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက်၊
တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စခန်းချကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့သည် ပြေး၏။
ဂိဗာမြို့၌ နှဲခရာကိုလည်းကောင်း၊ ရာမမြို့၌ တံပိုးကိုလည်းကောင်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အို ဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။
ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူသော ယေဗုသိမြို့၊ ဂိဗတ်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
သခင်က၊ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားနေသော မြို့သို့မဝင်၊ ဂိဗာမြို့သို့သွားဦးမည်။
ခရီးသွားပြန်၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ၊ နေဝင်လေ၏။
ရှောလုသည်လည်း ဂိဗာမြို့ မိမိအိမ်သို့သွား၍၊ ဘုရားသခင် သွေးဆောင်တော်မူသော လူအပေါင်းအသင်းသည် သူနှင့်အတူ လိုက်သွားကြ၏။