Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 19:12

Judson Bible

သ​ခင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​နေ​သော မြို့​သို့​မ​ဝင်၊ ဂိ​ဗာ​မြို့​သို့​သွား​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တောင်​ကြား​ကို လွန်​ကြ​ပြီ။ ဂေ​ဗ​မြို့၌ စ​ခန်း​ချ​ကြ​ပြီ။ ရာ​မ​မြို့​သည် ကြောက်​လန့်​လျက်​ရှိ၏။ ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သည် ပြေး၏။

ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။

ဂိ​ဗာ​မြို့ လက်​ထက်​ကဲ့​သို့ သူ​တို့​သည် ကိုယ်​ကို အ​လွန်​ညစ်​ညူး​စေ​ကြ​ပြီ။ သူ​တို့​အ​ပြစ်​ကို အောက်​မေ့၍ ဒု​စ​ရိုက်​များ​ကို စစ်​ကြော​တော်​မူ​မည်။

ထို​မှ​တစ်​ပါး၊ ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊

ဇေ​လ​မြို့၊ ဧ​လပ်​မြို့၊ ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗု​သိ​မြို့၊ ဂိ​ဗတ်​မြို့၊ ကိ​ရ​ယတ်​မြို့၊ ရွာ​နှင့်​တ​ကွ ဆယ်​လေး​မြို့​တည်း။ ဤ​ရွေ့​ကား ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​အ​မွေ​တည်း။

ထို​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မိုး​ချုပ်​သော​ကြောင့် ငယ်​သား​က၊ နား​ထောင်​ပါ​တော့။ ယေ​ဗု​သိ​လူ​နေ​ရာ ဤ​မြို့​သို့​ဝင်၍ အိပ်​ကြ​ကုန်​အံ့​ဟု သ​ခင်​အား​ဆို​သော်၊

ဂိ​ဗာ​မြို့၊ ရာ​မ​မြို့ အ​စ​ရှိ​သော တစ်​စုံ​တစ်​ခု​သော​အ​ရပ်၌ ည​ကို​လွန်​စေ​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့​ဟု ငယ်​သား​အား​ဆို​လျက်၊

ရှော​လု​သည်​လည်း ဂိ​ဗာ​မြို့ မိ​မိ​အိမ်​သို့​သွား၍၊ ဘု​ရား​သ​ခင် သွေး​ဆောင်​တော်​မူ​သော လူ​အ​ပေါင်း​အ​သင်း​သည် သူ​နှင့်​အ​တူ လိုက်​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ