တစ်ဖန် ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ချီသွားလျှင်၊ သူတို့က သင်သည် ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည် ဤမြို့ထဲသို့မဝင်ရဟု ဆိုကာမျှနှင့် သင့်ကိုဆီးတားလိမ့်မည်ဟု ဆိုကြ၏။