Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 19:1

Judson Bible

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​သည်​ကာ​လ၊ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း၌ တည်း​ခို​သော လေ​ဝိ​လူ​တစ်​ယောက်​သည်၊ ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သူ မိန်း​မ​တစ်​ယောက်​ကို သိမ်း​ယူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ရု​မာ​အ​မည်​ရှိ​သော နာ​ခေါ်၏​မ​ယား​ငယ်​သည်​လည်း တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ၊ မာ​ခါ​တို့​ကို ဖွား​မြင်​လေ၏။

မ​ယား​ငယ်​တို့၌​ရ​သော​သား​တို့​အား​လည်း၊ မိ​မိ​အ​သက်​ရှင်​စဉ်​တွင် ဆု​လာဘ်​များ​ကို​ဝေ​ပေး၍၊ သား​ဣ​ဇာက်​ထံ​မှ အ​ရှေ့​ပြည်​သို့ လွှတ်​လိုက်​လေ​၏။

ရာ​ခေ​လ​သေ၍၊ ဗက်​လင်​အ​မည်​ရှိ​သော ဧ​ဖ​ရတ်​မြို့​သို့​သွား​သော​လမ်း​ခ​ရီး​တွင်၊ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​လေ၏။

နန်း​တော်​ပေါ်​မှာ အ​ဗ​ရှ​လုံ​အ​ဖို့​မျက်​နှာ​ကြက်​ကို​မိုး၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ခ​မည်း​တော်၏ ကိုယ်​လုပ်​တော်​တို့​ရှိ​ရာ​သို့ ဝင်​လေ၏။

ယွာ​ဘ​သည် ရှင်​ဘု​ရင်​ထံ အိမ်​ထဲ​သို့​ဝင်၍၊ ကိုယ်​တော်၏​အ​သက်​မှ​စ၍ သား​တော်​သ​မီး​တော်၊ မိ​ဖု​ရား​မောင်း​မ​မိဿံ​တို့၏ အ​သက်​ကို ကယ်​တင်​သော ကိုယ်​တော်​ကျွန်​တို့​ကို ယ​နေ့ အ​ရှက်​ကွဲ​စေ​တော်​မူ​ပြီ။

ဒါ​ဝိဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​သို့ ရောက်​သော​အ​ခါ၊ နန်း​တော်​ကို​စောင့်​စေ​ခြင်း​ငှာ ထား​ခဲ့​သော ကိုယ်​လုပ်​တော်​တစ်​ကျိပ်​တို့​ကို​ယူ၍ လှောင်​အိမ်၌​ထား၏။ ထို​သူ​တို့​ကို ကျွေး​မွေး​သော်​လည်း မ​ပေါင်း​ဖော်။ သူ​တို့​သည် သေ​သည်​တိုင်​အောင် အ​ချုပ်​ခံ၍ မု​ဆိုး​မ​ကဲ့​သို့ နေ​ရ​ကြ၏။

ရှော​လု၌ အဲ​အာ၏​သ​မီး​ရိ​ဇ​ပ​မည်​သော မ​ယား​ငယ်​တစ်​ယောက်​ရှိ၏။ ဣ​ရှ​ဗော​ရှက်​က၊ သင်​သည် ငါ့​အ​ဘ၏​မ​ယား​ငယ်​ကို အ​ဘယ်​ကြောင့်​သိမ်း​သ​နည်း​ဟု အာ​ဗ​နာ​အား​ဆို​လျှင်၊

ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့​မှ​ပြောင်း​သော​နောက်၊ ယေ​ရု​ရှ​လင်​မြို့​သူ မ​ယား​ကြီး​မ​ယား​ငယ်​တို့​ကို ထပ်၍​သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။

မင်း​သ​မီး​ဖြစ်​သော ခင်​ပွန်း​ခု​နစ်​ရာ၊ မောင်း​မ​မိဿံ​သုံး​ရာ​ရှိ၍၊ သူ​တို့​သည် စိတ်​နှ​လုံး​တော်​ကို​လွဲ​စေ​ကြ၏။

သူ​တို့​အ​မည်​ဟူ​မူ​ကား၊ ဧ​ဖ​ရိမ်​တောင်​ရပ်​မှာ ဟု​ရ၏​သား၊

ရော​ဗောင်​သည် ခင်​ပွန်း တစ်​ဆယ်​ရှစ်​ယောက်၊ မောင်း​မ​မိဿံ ခြောက်​ဆယ်​တို့​ကို​သိမ်း​ယူ၍၊ သား​နှစ်​ဆယ်​ရှစ်​ယောက်၊ သ​မီး​ခြောက်​ဆယ်​တို့​ကို ရ​သည်​တွင်၊ အ​ဗ​ရှ​လုံ​သ​မီး​မာ​ခါ​ကို အ​ခြား​သော​ခင်​ပွန်း မောင်း​မ​မိဿံ​အ​ပေါင်း​တို့​ထက် သာ၍​ချစ်​သော​ကြောင့်၊

ညဉ့်​ဦး​အ​ချိန်၌​ဝင်၍ နံ​နက်​အ​ချိန်၌ နန်း​တော်​မိန်း​မ​စိုး၊ မောင်း​မ​မိဿံ​အုပ်၊ ရှာ​ရ​ဂါ​ဇ​စောင့် ဒု​တိ​ယ​မိန်း​မ​နန်း​သို့ ပြန်​ရ၏။ ရှင်​ဘု​ရင်​ချစ်၍ နာ​မည်​အား​ဖြင့် ခေါ်​တော်​မ​မူ​လျှင် နောက်​တစ်​ဖန် အ​ထံ​တော်​သို့​မ​ဝင်​ရ။

ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်​တိုက်​ထဲ​က သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား​တို့​ကို​ယူ​ခဲ့၍၊ မင်း​ကြီး၊ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် သောက်​ကြ၏။

တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​ပြီ​မ​ဟုတ်​လော။ သို့​သော်​လည်း၊ ကိုယ်​တော်၌ ဝိ​ညာဉ်​တော် အ​ကျန်​အ​ကြွင်း​ရှိ၏။ အ​ဘယ်​ကြောင့် တစ်​ဦး​တည်း​ကို​သာ ဖန်​ဆင်း​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​နှင့် ထိုက်​တန်​သော​အ​မျိုး​ကို​ရှာ၍ ထို​သို့ ဖန်​ဆင်း​တော်​မူ၏။ သို့​ဖြစ်၍၊ ကိုယ်​စိတ်​သ​ဘော​ကို ချုပ်​တည်း​ကြ​လော့။ အ​သက်​ပျို​စဉ်​အ​ခါ လက်​ထပ်​သော​မ​ယား​ကို သ​စ္စာ​ဖျက်၍ မ​ပြစ်​မှား​ကြ​နှင့်။

အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။-

ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။

အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သည်​လည်း အ​နိ​စ္စ​ရောက်​လေ၏။ သူ၏​သား​ဖိ​န​ဟတ်​အား လူ​များ​ပေး​ခဲ့​သော ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဖိ​န​ဟတ်​ကုန်း၌ သင်္ဂြိုဟ်​ကြ၏။ ယော​ရှု​မှတ်​စာ​ပြီး၏။

ယေ​ဖ​သ​နောက်​မှ ဗက်​လင်​မြို့​သား ဣ​ဗ​ဇန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး၏။

မိ​က္ခာ​အ​မည်​ရှိ​သော ဧ​ဖ​ရိမ်​တောင်​သား​တစ်​ယောက် ရှိ၏။

ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ။ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။

ယု​ဒ​အ​မျိုး​နှင့် စပ်​ဆိုင်​သော ဗက်​လင်​ယု​ဒ​မြို့​သား လေ​ဝိ​အ​မျိုး လု​လင်​တစ်​ယောက်​သည်၊ ဗက်​လင်​မြို့​မှာ တည်း​ခို၍ နေ​ပြီး​လျှင်၊

တစ်​ဖန် ထွက်​သွား၍ တည်း​ခို​စ​ရာ​အ​ရပ်​ကို ရှာ​လျက် ခ​ရီး​သွား​သ​ဖြင့်၊ ဧ​ဖ​ရိမ်​တောင်၊ မိ​က္ခာ​အိမ်​သို့ ရောက်​လေ၏။

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​စဉ်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​စ​ရာ​မြေ​ကို ရှာ​ကြ၏။ ထို​ကာ​လ​တိုင်​အောင် အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင်၊ အ​မွေ​ခံ​ထိုက်​သည်​အ​တိုင်း မ​ခံ​ရ​သေး။

ထို​အ​ရပ်​မှ​သွား၍ ဧ​ဖ​ရိမ်​တောင်၌ မိ​က္ခာ​အိမ်​သို့ ရောက်​ကြ၏။

ဂိ​ဗာ​မြို့​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား ဖြစ်​ကြ၏။ သို့​ရာ​တွင် တည်း​ခို​သော ဧ​ဖ​ရိမ်​တောင်​သား လူ​အို​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊ ထို​သူ​သည် ညဉ့်​ဦး​ယံ၌ လယ်​လုပ်​ရာ​မှ​လာ​စဉ်၊

ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ဗက်​လင်​မြို့ မိ​မိ​အ​ဘ​အိမ်​သို့​သွား​သ​ဖြင့် လေး​လ​နေ​လေ၏။

ထို​ကာ​လ၌ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ၊ လူ​တိုင်း မိ​မိ​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပြု​သ​တည်း။ တ​ရား​သူ​ကြီး မှတ်​စာ​ပြီး၏။

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ