သူကြီး 18:5Judson Bibleသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခုခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည်အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည်ကား၊ နံနက်မီးရှို့ရာယဇ်နှင့် ညဉ့်ဦးယံဘောဇဉ် ပူဇော်သကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ ပြည်သူပြည်သားမီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေးကိုလည်း ထိုပလ္လင်ပေါ်မှာဖျန်းလော့။ ကြေးဝါယဇ်ပလ္လင်သည် ငါမေးမြန်းစရာဖို့ ရှိရမည်ဟု၊