Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 18:30

Judson Bible

ဒန်​အ​မျိုး​သား​တို့​သည် မိ​က္ခာ​ထု​သော​ရုပ်​တု​ကို တည်​ထောင်၍ မ​နာ​ရှေ​သား ဂေ​ရ​ရှုံ၏​သား​ယော​န​သန်​နှင့် သူ၏​သား​တို့​သည် သေ​တ္တာ​တော်​ကို သိမ်း​သွား​သည်​နေ့​တိုင်​အောင် ဒန်​အ​မျိုး၌ ယဇ်​ပု​ရော​ဟိတ်​လုပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ပေ​ကာ​လက်​ထက်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် တိ​ဂ​လတ်​ပိ​လေ​သာ​သည်​လာ၍ ဣ​ယုန်​မြို့၊ အ​ဗေ​လ​ဗက်​မာ​ခါ​မြို့၊ ယာ​နော​မြို့၊ ကေ​ဒေ​ရှ​မြို့၊ ဟာ​ဇော်​မြို့​နှင့်​တ​ကွ ဂိ​လဒ်​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ နဿ​လိ​ပြည်​သား​အ​ပေါင်း​တို့​ကို လုပ်​ကြံ၍၊ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍ မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မူ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး မ​ကျန်​ကြွင်း​ရ။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​ကို ရွံ​ရှာ၍ မျက်​မှောက်​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် ဒဏ်​ခတ်​တော်​မူ၏။ လု​ယက်​သော​သူ​တို့​လက်၌ အပ်​တော်​မူ၏။

သို့​ဖြစ်၍ ယေ​ရော​ဗောင်​ပြု​သော​ဒု​စ​ရိုက်​လမ်း​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​စဉ်​တ​စိုက် လိုက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။

သူ၏​သား​နှစ်​ယောက်​ကို​ယူ၍​သွား​လေ၏။ သား​တစ်​ယောက်​ကား၊ ဂေ​ရ​ရှုံ​အ​မည်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု အ​ဘ​ဆို​သ​တည်း။

ထို​မိန်း​မ​ဖွား​သော​သား​ကို ဂေ​ရ​ရှုံ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည်​တစ်​ကျွန်း​တစ်​နိုင်​ငံ၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်​ရ​ပြီ​ဟု​ဆို​သ​တည်း။

အ​ထက်​မိုး​ကောင်း​ကင်၌​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​ရေ​ထဲ၌​လည်း​ကောင်း ရှိ​သော​အ​ရာ​နှင့် ပုံ​သ​ဏ္ဌာန်​တူ​အောင်၊ ရုပ်​တု​ဆင်း​တု​ကို ကိုယ်​အ​ဖို့​မ​လုပ်​နှင့်။

သင်​တို့​သည် ကိုယ်​အ​ဖို့​ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​ကို မ​ရှိ​စေ​ရ။ သင်​တို့​ပြည်၌​ကိုး​ကွယ်​စ​ရာ မှတ်​တိုင်​ကို​မ​စိုက်​ရ။ ထု​သော​ကျောက်​ကို ထောင်၍​မ​ထား​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​သော​အ​ရာ၊ လက်​သ​မား​လက်​နှင့် ထု​လုပ်​သော​ရုပ်​တု၊ သွန်း​သော​ဆင်း​တု​ကို​လုပ်၍ မ​ထင်​ရှား​သော​အ​ရပ်၌ ထား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ငါ​သေ​သော​နောက်၊ သင်​တို့​သည် လုံး​လုံး​ဖောက်​ပြန်၍ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​သွား​ကြ​လိမ့်​မည်​ကို ငါ​သိ၏။ နောင်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ကိုယ်​လက်​နှင့် လုပ်​ဆောင်​သော​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်​ဟု သ​တိ​ပေး​လေ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို ပြု​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​အပ်​တော်​မူ၏။

ထို​ငွေ​ဆယ်​တစ်​ပိဿာ​ကို အ​မိ​အား​ပြန်​ပေး​သော​အ​ခါ၊ အ​မိ​က၊ ငါ့​သား​သည် ထု​သော​ရုပ်​တု​နှင့် သွန်း​သော​ရုပ်​တု​ကို လုပ်​စ​ရာ​ဖို့ ဤ​ငွေ​ရှိ​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား ငါ​ပူ​ဇော်​နှင့်​ပြီ။

ထို​လူ​မိ​က္ခာ​သည် ဘု​ရား​ကျောင်း​ရှိ၍၊ သင်​တိုင်း​တော်​နှင့် တေ​ရပ်​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ မိ​မိ​သား​တစ်​ယောက်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ