Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 18:29

Judson Bible

ထို​မြို့​ကို သူ​တို့​အ​မျိုး၏​အ​ဘ ဣ​သ​ရေ​လ၏​သား ဒန်​အ​မည်​ကို​မှီ​သ​ဖြင့် ဒန်​မြို့​ဟူ၍ တွင်​ကြ၏။ ထို​မြို့​အ​မည်​ဟောင်း​ကား လဲ​ရှ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် မိ​မိ​အစ်​ကို​သား​ကို ဖမ်း​သွား​ကြောင်း​ကို​ကြား​လျှင်၊ မိ​မိ​အိမ်၌​ဖွား၍ သွန်​သင်​သော​လူ​သုံး​ရာ​တစ်​ဆယ်​ရှစ်​ယောက်​တို့​ကို​စီ​ရင်၍၊ ဒန်​မြို့ တိုင်​အောင်​လိုက်​လေ​၏။

ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။

နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍ ကျွန်​တော်​သည် အ​ကြံ​ပေး​ပါ​မည်။ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကိုယ်​တော်​ထံ၌ စည်း​ဝေး၍ ကိုယ်​တော်​တိုင် စစ်​ချီ​တော်​မူ​ရ​မည်။

အာ​သ​မင်း​ကြီး၏​စ​ကား​ကို ဗင်္ဟာ​ဒဒ်​သည် နား​ထောင်၍၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့​ကို စစ်​ချီ​စေ​ခြင်း​ငှာ မိ​မိ​ဗိုလ်​များ​ကို စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​မှ​စ၍ ဂင်္နေ​သ​ရက်​ပြည်​လုံး၊ နဿ​လိ​ပြည်​လုံး​ကို လုပ်​ကြံ​ကြ၏။

သူ့​မြင်း​နှာ​ခေါင်း​ရှူ​သံ​ကို ဒန်​ပြည်​က​ကြား​ရ၏။ သူ့​မြင်း​ရဲ​ဟီ​သံ​ကို​ကြား၍ တစ်​ပြည်​လုံး တုန်​လှုပ်​လေ၏။ သူ​တို့​သည် ရောက်​လာ၍၊ ပြည်​နှင့်​တ​ကွ ပြည်၌​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မြို့​နှင့်​တ​ကွ မြို့​သား​တို့​ကို​လည်း​ကောင်း စား၍​မျို​ကြ၏။

ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊

ဒန်​အ​မျိုး​သား​ရ​သော​မြေ​သည် ကျဉ်း​မြောင်း​သော​ကြောင့်၊ လဲ​ရှ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​လုပ်​ကြံ​သ​ဖြင့် နေ​ရာ​ချ​ကြ၏။ လဲ​ရှ​မြို့​ကို၊ အ​မျိုး၏​အ​ဘ​ဒန်​ကို အ​စွဲ​ပြု၍၊ ဒန်​မြို့​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။

ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ