Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 18:27

Judson Bible

ဒန်​အ​မျိုး​သား​တို့​သည်၊ မိ​က္ခာ​လုပ်​သော​အ​ရာ​တို့​နှင့် သူ၌​နေ​သော ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား၍၊ သ​တိ​မ​ရှိ ငြိမ်​ဝပ်​စွာ​နေ​သော လဲ​ရှ​မြို့​သား​တို့​ဆီ​သို့​ရောက်​သ​ဖြင့် ဓား​နှင့်​လုပ်​ကြံ၍ မြို့​ကို​မီး​ရှို့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဒန်​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​စုံ​တစ်​ပါး​ကဲ့​သို့၊ မိ​မိ​လူ​တို့​ကို​စီ​ရင်​လိမ့်​မည်။

ဒန်​အ​မျိုး​ကို​ကား၊ ဒန်​အ​မျိုး​သည် ခြင်္သေ့​သ​ငယ်​ဖြစ်၍ ဗာ​ရှန်​ပြည်​မှ ခုန်​လိမ့်​မည်။

ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ဓား​နှင့်​ကွပ်​မျက်​သ​ဖြင့် တစ်​ယောက်​ကို​မျှ အ​သက်​ရှင်​စေ​ခြင်း​ငှာ​မ​ထား။ ရှင်း​ရှင်း​ဖျက်​ဆီး၍ မြို့​ကို​လည်း​မီး​ရှို့​လေ၏။

ဒန်​အ​မျိုး​သား​ရ​သော​မြေ​သည် ကျဉ်း​မြောင်း​သော​ကြောင့်၊ လဲ​ရှ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​လုပ်​ကြံ​သ​ဖြင့် နေ​ရာ​ချ​ကြ၏။ လဲ​ရှ​မြို့​ကို၊ အ​မျိုး၏​အ​ဘ​ဒန်​ကို အ​စွဲ​ပြု၍၊ ဒန်​မြို့​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။

သွား​လျှင် သ​တိ​မ​ရှိ​သော​လူ​မျိုး​နှင့် ကျယ်​ဝန်း​သော​ပြည်​ကို တွေ့​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် သင်​တို့​လက်၌ အပ်​တော်​မူ​မည်။ ထို​ပြည်၌ မြေ​ကြီး​ဥ​စ္စာ စုံ​လင်​လျက်​ရှိ​သည်​ဟု ပြော​ဆို​ကြ၏။

မိ​က္ခာ​သည် သူ​တို့​ကို မိ​မိ​မ​နိုင်​သည်​ကို​သိ၍ မိ​မိ​အိမ်​သို့ ပြန်​သွား​လေ၏။

ထို​လူ​ငါး​ယောက်​တို့​သည် ထွက်​သွား၍ လဲ​ရှ​မြို့​သို့ ရောက်​သ​ဖြင့်၊ မြို့​သား​တို့​သည် ဇိ​ဒုန်​အ​မျိုး​သား​တို့ သ​တိ​မ​ရှိ​သ​ကဲ့​သို့ သ​တိ​မ​ရှိ၊ မ​စိုး​ရိမ်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ကြောင်း​ကို​လည်း​ကောင်း၊ ဆုံး​မ​ပိုင်​သော​မင်း​မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ဇိ​ဒုန်​အ​မျိုး​သား​တို့​နှင့်​ဝေး၍ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​ကြောင်း​ကို​လည်း​ကောင်း​ကြည့်​ရှု​ပြီး​မှ၊

ဂိ​ဒေါင်​သည် နော​ဗာ​မြို့၊ ယု​ဗ္ဗေ​ဟ​မြို့​အ​ရှေ့၊ တဲ၌​နေ​သူ​တို့​လမ်း​ဖြင့် ချီ​သွား၍၊ မ​စိုး​ရိမ်​ဘဲ​နေ​သော မိ​ဒျန်​တပ်​ကို လုပ်​ကြံ​သ​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ