Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 18:25

Judson Bible

ဒန်​အ​မျိုး​သား​တို့​က၊ ငါ​တို့​တွင် သင့်​စ​ကား​ကို မ​ကြား​ပါ​စေ​နှင့်။ သို့​မ​ဟုတ် စိတ်​ဆိုး​သော​သူ​တို့​သည် သင့်​ကို​တိုက်၍ သင့်​အ​သက်​နှင့် သင့်​အိမ်​သား​တို့​အ​သက် ဆုံး​ကောင်း​ဆုံး​လိမ့်​မည်​ဟု ဆို​လျက် ခ​ရီး​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​နှင့် သူ၏​လူ​တို့​သည် ခွန်​အား​ကြီး​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ယ​ခု​မူ​ကား တော၌ သား​ငယ်​ပျောက်​သော ဝံ​မ​ကဲ့​သို့ ပြင်း​ထန်​သော​စိတ်​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ၏။ ခ​မည်း​တော်​သည်​လည်း စစ်​သူ​ရဲ​ဖြစ်၍ လူ​များ​တို့​နှင့်​အ​တူ မ​အိပ်​တတ်။

ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ငါ့​ဝိ​ညာဉ်​ကို ညှဉ်း​ဆဲ​တော်​မူ​သော​အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​သက်​ရှင်​တော်​မူ​သည်​မှန်​လျှင်၊

မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​သည် ထို​နေ့​ရက်​အ​သ​ရေ​ကို ရှုတ်​ချ​ပါ​စေ။ မိုး​တိမ်​ထပ် လွှမ်း​မိုး​ပါ​စေ။ မွန်း​တည့်​အ​ရှိန်​ဖြင့် ကြောက်​မက်​ဖွယ် ဖြစ်​ပါ​စေ။

မိ​က္ခာ​က၊ သင်​တို့​သည် ငါ​လုပ်​သော​ဘု​ရား​တို့​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား​ကြ​သည်​တ​ကား။ ထို​အ​ရာ​မှ​တစ်​ပါး ငါ၌ အ​ဘယ်​အ​ရာ​ရှိ​သ​နည်း။ သို့​သော်​လည်း သင်​တို့​က၊ အ​ဘယ်​အ​ခင်း​ရှိ​သ​နည်း​ဟု ငါ့​ကို​မေး​ကြ​သည်​တ​ကား​ဟု ဆို​လေ​သော်၊

မိ​က္ခာ​သည် သူ​တို့​ကို မိ​မိ​မ​နိုင်​သည်​ကို​သိ၍ မိ​မိ​အိမ်​သို့ ပြန်​သွား​လေ၏။

ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ