ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသားလူခြောက်ရာတို့သည် စစ်တိုက်လက်နက်ပါလျက် ချီသွားကြ၏။
ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊
ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တစ်ခါတလေ နှိုးဆော်စပြုတော်မူ၏။
သွားလျှင် သတိမရှိသောလူမျိုးနှင့် ကျယ်ဝန်းသောပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသားခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။