ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည်အတိုင်း မခံရသေး။
အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကိုမပေးကြ။
မိက္ခာကလည်း၊ ယခုမှာ လေဝိလူသည် ငါ၏ယဇ်ပုရောဟိတ် ဖြစ်သောကြောင့်၊ ထာဝရဘုရားသည် ငါ၌ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို၏။
ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတစ်ယောက်သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတစ်ယောက်ကို သိမ်းယူ၏။
ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။ တရားသူကြီး မှတ်စာပြီး၏။