မိက္ခာကလည်း၊ သင်သည် အဘယ်က လာသနည်းဟုမေးသော်၊ လုလင်က၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ်၏။ တည်းခိုစရာအရပ်ကို ရှာ၏ဟု ပြန်ပြောသော်၊
မိက္ခာက၊ အကျွန်ုပ်နှင့်အတူ နေပါ။ အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ ယဇ်ပုရောဟိတ် လုပ်ပါ။ အကျွန်ုပ်သည် တစ်နှစ်တစ်နှစ်လျှင် ငွေအကျပ်တစ်ဆယ်နှင့် အဝတ်စုံကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း ပေးပါမည်ဟု ပင့်ဖိတ်သောအခါ၊ လေဝိလူသည်ဝင်၍၊
ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင်ယုဒမြို့သား လေဝိအမျိုး လုလင်တစ်ယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို၍ နေပြီးလျှင်၊
တစ်ဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။