ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိသားတစ်ယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှာ၊ အခြားတစ်ပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။
ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန်အောက်မေ့သောကြောင့်၊ သွားရသည်ဟုတ်စေတော့။ ငါ၏ဘုရားတို့ကို အဘယ်ကြောင့်ခိုးယူခဲ့ရသနည်းဟု ယာကုပ်ကို ဆို၏။
ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
ယုဒပြည်၌ခံသောပွဲကဲ့သို့ အဋ္ဌမလ တစ်ဆယ့်ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာ နေရာချ၏။
ထိုမှတစ်ပါး၊ ယေရုရှလင်မြို့မှ နေဗုခဒ်နေဇာသိမ်းသွား၍၊ မိမိဘုရားတို့ဗိမာန်၌ သွင်းထားသော ဗိမာန်တော်တန်ဆာတို့ကို၊
ဣသရေလအမျိုးသားလူပျိုတို့ကို စေခိုင်းသည်အတိုင်း၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရားရှေ့မှာ မီးရှို့သောယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။
ရွှေနှင့်လည်းကောင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လည်းကောင်း၊ သင်တိုင်းကိုလုပ်သည်နည်းတူ၊ ဗျာဒိတ်ရင်ဖုံးကို ထူးဆန်းစွာ လုပ်ရမည်။
လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗောင်း၊ ခါးပန်းတည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှာ၊
ခါးပန်းကိုလည်းစည်း၍၊ ဦးထုပ်ကိုလည်းဆောင်းစေပြီးလျှင်၊ သူတို့သည် ထာဝရပညတ်တော်အတိုင်း ယဇ်ပုရောဟိတ်အရာကိုဆိုင်ရမည်။ ထိုသို့ အာရုန်နှင့်သူ၏သားတို့ကို၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
လက်သမားသည် မျဉ်းချလျက် စူးနှင့် မှတ်သား၍၊ လက်သမားတန်ဆာနှင့် လုပ်ပြီးလျှင်၊ အိမ်၌နေစေခြင်းငှာ ကွန်ပါနှင့် ရေးသား၍၊ လူအသရေပါအောင် လူပုံသဏ္ဌာန်နှင့်အညီ ထုလုပ်တတ်၏။
ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှာ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။
ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တစ်ဖန် မရှိရ။ နိမ့်သောသူကို ချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။
အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် နေ့ရက်များစွာ ရှင်ဘုရင်မရှိ၊ မင်းသားမရှိ၊ ယဇ်ပူဇော်ခြင်းမရှိ၊ ဆင်းတုမရှိ၊ သင်တိုင်းမရှိ၊ တေရပ်ရုပ်တုမရှိဘဲ နေရကြလိမ့်မည်။
ဣသရေလသည် သူ့ကိုဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ်၏။ ယုဒသည်လည်း ခိုင်ခံ့သောမြို့တို့ကို များပြားစေတတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကိုမီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။
အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကိုစောင့်ရကြမည်။ သူ၏အမျိုးမှတစ်ပါး အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတစ်ပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ။-
သို့ဖြစ်၍ ငါ့သားအား ယခုငါပြန်ပေးမည်ဟုဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအားပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းထိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှာသွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊
မိက္ခာက၊ သင်တို့သည် ငါလုပ်သောဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတစ်ပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်းရှိသနည်းဟု ငါ့ကိုမေးကြသည်တကားဟု ဆိုလေသော်၊
ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သားယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ်လုပ်ကြ၏။
ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကိုလုပ်၍ မိမိနေရာ ဩဖရမြို့မှာထားသဖြင့်၊ ဣသရေလအ မျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက်သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုးပြစ်မှားရာအကြောင်း ဖြစ်သတည်း။
မိခါလသည်လည်း၊ တေရပ်ရုပ်တုကိုယူ၍ ခုတင်ပေါ်မှာ ထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သော ကုလားကာနှင့် ခေါင်းရင်းရှေ့၌ကာ၍ စောင်နှင့်ခြုံလေ၏။
အဟိမလက်၏သားအဗျာသာသည်၊ ဒါဝိဒ်ရှိရာကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော်ပါလျက် ရောက်လာသတည်း။