Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 17:13

Judson Bible

မိ​က္ခာ​က​လည်း၊ ယ​ခု​မှာ လေ​ဝိ​လူ​သည် ငါ၏​ယဇ်​ပု​ရော​ဟိတ် ဖြစ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၌​ကျေး​ဇူး​ပြု​တော်​မူ​မည်​ကို ငါ​သိ​သည်​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​ထင်​သည်​အ​တိုင်း မှန်​သော​လ​က္ခ​ဏာ​ရှိ​သော်​လည်း၊ အ​ဆုံး၌ သေ​ခြင်း​သို့​ပို့​သော​လမ်း​တစ်​မျိုး​ရှိ၏။

သူ​သည် မီး​ဖို​ပြာ​ကို ကျက်​စား​တတ်၏။ မိုက်​သော​စိတ်​နှင့် လမ်း​လွဲ​ပြီ။ ထို​ကြောင့်၊ ကိုယ်​ဝိ​ညာဉ်​ကို ကိုယ်​မ​ချွတ်​နိုင်။ မိ​မိ​လက်​ယာ​လက်၌ မိ​စ္ဆာ​ဒိ​ဌိ​ပါ​သ​လော​ဟု မ​အောက်​မေ့​နိုင်​ပါ​တ​ကား။

ကိုယ်​တော်​က​လည်း၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော ငါ၏​ခ​မည်း​တော် စိုက်​တော်​မ​မူ​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို နှုတ်​ရ​လိမ့်​မည်။-

နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။-

လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-

နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-

မိ​က္ခာ​သည်​လည်း၊ ထို​လေ​ဝိ​လု​လင်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သည်​အ​တိုင်း၊ လု​လင်​သည် ယဇ်​ပု​ရော​ဟိတ်​လုပ်၍ မိ​က္ခာ​အိမ်၌ နေ၏။

ထို​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​စဉ်၊ ဒန်​အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​စ​ရာ​မြေ​ကို ရှာ​ကြ၏။ ထို​ကာ​လ​တိုင်​အောင် အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင်၊ အ​မွေ​ခံ​ထိုက်​သည်​အ​တိုင်း မ​ခံ​ရ​သေး။

မိ​က္ခာ​က၊ သင်​တို့​သည် ငါ​လုပ်​သော​ဘု​ရား​တို့​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို ယူ​သွား​ကြ​သည်​တ​ကား။ ထို​အ​ရာ​မှ​တစ်​ပါး ငါ၌ အ​ဘယ်​အ​ရာ​ရှိ​သ​နည်း။ သို့​သော်​လည်း သင်​တို့​က၊ အ​ဘယ်​အ​ခင်း​ရှိ​သ​နည်း​ဟု ငါ့​ကို​မေး​ကြ​သည်​တ​ကား​ဟု ဆို​လေ​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ