Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 17:10

Judson Bible

မိ​က္ခာ​က၊ အ​ကျွန်ုပ်​နှင့်​အ​တူ နေ​ပါ။ အ​ကျွန်ုပ်၏​အ​ဘ၊ အ​ကျွန်ုပ်၏ ယဇ်​ပု​ရော​ဟိတ် လုပ်​ပါ။ အ​ကျွန်ုပ်​သည် တစ်​နှစ်​တစ်​နှစ်​လျှင် ငွေ​အ​ကျပ်​တစ်​ဆယ်​နှင့် အ​ဝတ်​စုံ​ကို​လည်း​ကောင်း၊ စား​စ​ရာ​ကို​လည်း​ကောင်း ပေး​ပါ​မည်​ဟု ပင့်​ဖိတ်​သော​အ​ခါ၊ လေ​ဝိ​လူ​သည်​ဝင်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။

ထို​အ​ခါ ဧ​လိ​ရှဲ​သည် သေ​နာ​စွဲ၍ နာ​နေ​စဉ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ယ​ဟော​ရှ​သည် လာ၍ သူ့​ရှေ့​မှာ​ငို​ကြွေး​လျက် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဆို၏။

ဧ​လိ​ရှဲ​သည် ကြည့်​မြင်​လျှင် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဟစ်​သော်​လည်း၊ နောက်​တစ်​ဖန် ဧ​လိ​ယ​ကို​မ​မြင်​ရ။ မိ​မိ​အ​ဝတ်​ကို​ကိုင်၍ နှစ်​ပိုင်း​ဆုတ်​လေ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က​လည်း၊ အ​ဘ၊ ထို​သူ​တို့​ကို ဓား​နှင့်​သတ်​ရ​ပါ​မည်​လော​ဟု ဧ​လိ​ရှဲ​အား​မေး​လျှင်၊

ဆင်း​ရဲ​သော​သူ​တို့၏ အ​ဘ​ဖြစ်၏။ အ​သိ​အ​ကျွမ်း​မ​ရှိ​သော သူ​တို့၏​အ​မှု​ကို ငါ​နား​ထောင်၏။

သင်၏​ဝတ်​လုံ​နှင့် ဝတ်​ဆင်​စေ​မည်။ သင်၏​ခါး​စည်း​နှင့် ချီး​မြှောက်၍၊ သင်၏​အ​စိုး​ရ​သော​အ​ခွင့်​ကို အပ်​ပြီး​လျှင်၊ သူ​သည် ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​အ​မျိုး​သား​တို့၏​အ​ဘ​ဖြစ်​လိမ့်​မည်။

မု​ယော​ဆန် တစ်​လက်​ဆွန်း​နှင့် မုန့်​တစ်​ဖဲ့​ကို​ရ​အံ့​သော​ငှာ၊ ငါ၏​လူ​တို့​တွင် ငါ့​ကို​ရှုတ်​ချ​ကြ​လိမ့်​မည်​လော။ မု​သား​စ​ကား​ကို နား​ထောင်​တတ်​သော ငါ၏​လူ​တို့​အား မု​သား​စ​ကား​ကို ပြော​သော​အား​ဖြင့်၊ မ​သေ​အပ်​သော သူ​တို့၏​အ​သက်​ကို​သတ်၍၊ မ​ရှင်​အပ်​သော​သူ​တို့​ကို အ​သက်​ချမ်း​သာ​ပေး​ကြ​လိမ့်​မည်​လော။

အ​ကျွန်ုပ်​သည် ယေ​ရှု​ကို ကိုယ်​တော်​တို့​လက်​သို့​အပ်​လျှင် အ​ဘယ်​မျှ​လောက် ပေး​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ထို​သူ​တို့​က ငွေ​အ​ကျပ်​သုံး​ဆယ် ပေး​မည်​ဟု ဝန်​ခံ​ကြ၏။-

ထို​သို့​ဆို​သော်၊ ဆင်း​ရဲ​သော​သူ​တို့​အ​ကျိုး​ကို ထောက်၍ ဆို​သည်​မ​ဟုတ်။ မိ​မိ​သည် သူ​ခိုး​ဖြစ်​လျက်၊ တ​ပည့်​တော်​များ​သုံး​ရန် ငွေ​အိတ်​ကို​ဆောင်၍ နှိုက်​ယူ​တတ်​သော​ကြောင့်​သာ ဆို​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ ငွေ​ကို​တပ်​မက်​ခြင်း​သည် မ​ကောင်း​သော အ​မှု​အ​ပေါင်း​တို့​တွင် မူ​လ​အ​မြစ်​ဖြစ်​သ​တည်း။ လူ​အ​ချို့​တို့​သည် ငွေ​ကို တပ်​မက်​သော​ကြောင့် ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွှဲ​သွား၍၊ ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​များ​နှင့် ကိုယ်​ကို​ကိုယ် ထုတ်​ချင်း​ခပ်​အောင် ထိုး​ကြ​ပြီ။

သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။-

ထို​သူ​နှင့်​အ​တူ​နေ​ခြင်း​ငှာ အ​လို​ရှိ​သ​ဖြင့် သား​ကဲ့​သို့​ဖြစ်​လေ၏။

မိ​က္ခာ​က​လည်း၊ သင်​သည် အ​ဘယ်​က လာ​သ​နည်း​ဟု​မေး​သော်၊ လု​လင်​က၊ ငါ​သည် ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သား လေ​ဝိ​လူ​ဖြစ်၏။ တည်း​ခို​စ​ရာ​အ​ရပ်​ကို ရှာ၏​ဟု ပြန်​ပြော​သော်၊

ထို​သူ​က၊ မိ​က္ခာ​သည် ဤ​မည်​သော​အ​မှု ဤ​မည်​သော​အ​ရာ​ကို ပေး၍ ငါ့​ကို​ငှား​သ​ဖြင့်၊ ငါ​သည် သူ၏​ယဇ်​ပု​ရော​ဟိတ် လုပ်​နေ​သည်​ဟု ပြန်​ပြော၏။

သင်၏​အ​မျိုး၌ ကျန်​ကြွင်း​သော​သူ​တိုင်း သူ့​ထံ​သို့​လာ၍၊ ကျွန်​တော်​သည် မုန့်​အ​နည်း​ငယ်​ကို စား​ရ​မည်​အ​ကြောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော အ​မှု​တစ်​စုံ​တစ်​ခု၌ ကျွန်​တော်​ကို စေ​ခိုင်း​ပါ​လော့​ဟု ငွေ​စ၊ မုန့်​စ​ကို​ရ​လို​သော​ငှာ၊ ရှိ​ခိုး​လျက် တောင်း​ပန်​လိမ့်​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ