ဒေလိလကလည်း၊ သင်၌ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကိုလည်းကောင်း၊ သင့်ကို နှိပ်စက်ခြင်းငှာ အဘယ်သို့ ချည်နှောင်ရမည်ကိုလည်းကောင်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော်၊
ထိုသို့ လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည်လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး မုသားသုံး၍ ချော့မော့သောနှုတ်ခမ်း၊ နှစ်ခွသောစိတ်နှင့် ပြောတတ်ကြပါ၏။
အမျိုးပျက်သောမိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသောသူသည် ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲသောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သောသူသည်လည်း ဖျက်ဆီးတတ်၏။
အကြောင်းမူကား၊ ပြည့်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။
ချစ်ဖွယ်သော စကားနှင့် ထိုသူကို သွေးဆောင်၍ ချော့မော့တတ်သော နှုတ်ခမ်းနှင့် နိုင်သဖြင့်၊
ကောင်းသောပြည်သားအပေါင်းတို့သည် ကွယ်ပျောက်ကြပြီ။ ဖြောင့်မတ်သောသူ တစ်ယောက်မျှမရှိ။ ခပ်သိမ်းသောသူတို့သည် လူအသက်ကို သတ်ခြင်းငှာ ချောင်း၍ ကြည့်တတ်ကြ၏။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကျော့ကွင်းနှင့် ဖမ်းတတ်ကြ၏။
အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသောသူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌ အိပ်သောမယားကို မယုံမူ၍၊ သင့်နှုတ်တံခါးကို ပိတ်ထားလော့။
ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သောနေ့၌ အလွန်ပူဆာသောကြောင့် အနက်ကိုဖော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။
ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့လာ၍၊ ရှံဆုန်၌ ကြီးသောခွန်အားသည် အဘယ်အရာအားဖြင့်တည်သနည်း၊ သူ့ကို ချည်နှောင်၍ နှိပ်စက်ခြင်းငှာ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကိုချော့မော့၍ စူးစမ်းပါ။ ငါတို့သည် ဝိုင်း၍ ငွေဆယ်တစ်ပိဿာကို ပေးမည်ဟု ဆိုကြ၏။
ရှံဆုန်က၊ တစ်ခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကိုချည်နှောင်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။