Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 16:30

Judson Bible

အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​နှင့် အ​တူ​သေ​ပါ​ရ​စေ​ဟု​ဆို​လျက်၊ အား​ထုတ်၍ ကိုယ်​ကို​ညွှတ်​ချ​သ​ဖြင့်၊ ဇ​ရပ်​သည် မင်း​များ၊ လူ​များ​အ​ပေါင်း​တို့​အ​ပေါ်​မှာ လဲ၍ ဖိ​လေ၏။ ထို​သို့ အ​သက်​ရှင်​စဉ်​အ​ခါ သတ်​ခဲ့​သည်​ထက် သေ​စဉ်​အ​ခါ သာ၍​များ​သော​သူ​တို့​ကို သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။

ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။

သင်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တစ်​ယောက်​သော​သူ​ကို တိုက်​ကြ​မည်​နည်း။ သူ့​ကို တိမ်း​သော​အုတ်​ရိုး၊ လှုပ်​သော ထ​ရံ​ကဲ့​သို့​မှတ်၍၊ သင်​တို့​အ​ပေါင်း​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဖြို​ဖျက်​ကြ​မည်​နည်း။

လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။

အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့် အ​သက်​ရှုံး၏၊ ထို​သူ​သည် အ​သက်​ကို တွေ့​လိမ့်​မည်။-

သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-

ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။-

ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ့​ကို​ပြု​စု၍ မ​ပြည့်​စုံ​သေး​သော​ဝတ်​ကို သူ​သည် ပြည့်​စုံ​စေခြင်း​ငှာ၊ ကိုယ်​အ​သက်​ကို စွန့်​စား၍ ခ​ရစ်​တော်၏​အ​မှု​ကြောင့် သေ​ခြင်း​သို့ ရောက်​လု​နီး​ပြီ။

ထို​သို့ လူ၏ ဂုဏ်​အင်္ဂါ​လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​လျက်၊ အ​သေ​ခံ​ခြင်း​သာ​မ​ဟုတ်၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ခြင်း​တိုင်​အောင် အ​စေ​ကျွန်​ခံ၍ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​တော်​မူ၏။-

အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်​များ​ကို လု​ယူ​လျှင်၊ ထင်​ရှား​စွာ ထုတ်​ပြ၍ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် အောင်​ပွဲ​ကို ခံ​တော်​မူ​ပြီ။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏​နေ့​ရက်​သည် လာ​လိမ့်​မည်​ကို သင်​တို့​သည် သေ​ချာ​စွာ​သိ​ကြ၏။-

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ရှံ​ဆုန်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် အာ​ရှ​ကေ​လုန်​မြို့​သို့ သွား၍ မြို့​သား​သုံး​ဆယ်​ကို သတ်​ပြီး​မှ သူ​တို့​ဥ​စ္စာ​ကို​လု​ယူ၍ စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​သော​သူ​တို့​အား အ​ဝတ်​စုံ​တို့​ကို​ပေး​ပြီး​မှ၊ အ​မျက်​ထွက်၍ မိ​မိ​အ​ဘ​အိမ်​သို့ ပြန်​သွား​လေ၏။

သူ​သည်​လည်း မြည်း​မေး​ရိုး​လတ်​လတ်​ကို​တွေ့၍ ကိုင်​ယူ​ပြီး​လျှင် လူ​တစ်​ထောင်​တို့​ကို သတ်​လေ၏။

သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် တစ်​ပြိုင်​နက် ရိုက်​သတ်​ပြီး​လျှင် ဧ​တံ​ကျောက်​ထိပ်​သို့ သွား၍ နေ၏။

ဇ​ရပ်​ခေါင်​တိုင်​နှစ်​တိုင်​တို့​ကို လက်​ယာ​လက်၊ လက်​ဝဲ​လက်​နှစ်​ဖက်​နှင့် ကိုင်၍ မှီ​နေ​လျက်၊

သူ့​ညီ​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည်​လာ၍ အ​လောင်း​ကောင်​ကို ထမ်း​သွား​ပြီး​လျှင်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား​တွင် အ​ဘ​မာ​နော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ